လမ်းများပေါ် သောင်တင်

September 11, 2020

မီးလောင် မိုရီယာစခန်းက ဒုက္ခသည်များ နေစရာမရှိသဖြင့် လမ်းများပေါ် သောင်တင်နေ

ဂရိနိုင်ငံ လက်ဘို့စ်ကျွန်းပေါ်က မိုရီယာ ဒုက္ခသည်စခန်းကြီး မီးလောင်ပြာကျခဲ့ပြီးနောက် ဒုက္ခသည်တွေဟာ နေစရာမရှိဘဲ လမ်းတွေပေါ်မှာ သောင်တင်နေပါတယ်။ စက်တင်ဘာ ၁၀ ရက်မှာတော့ ဒုက္ခသည်တွေဟာ လာရောက်ပေးကမ်းတဲ့ အစားအစာနဲ့ ရေတွေကို တိုးဝှေ့လက်ခံခဲ့ပါတယ်။  စားစရာ၊ အဝတ်အထည်နဲ့ နေစရာ လိုအပ်တယ်လို့ အီရတ်အမျိုးသမီး ဒုက္ခသည် တစ်ဦးက ပြောပါတယ်။  စက်တင်ဘာ ၉ ရက်နေ့မနက်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပြီး ဒုက္ခသည်တွေဟာ လက်စ်ဘို့စ်ကျွန်းပေါ်က ပလက်ဖောင်းတွေ၊ လမ်းဘေး၊ ပန်းခြံနဲ့ ကွင်းပြင်တွေထဲမှာ အိပ်စက်ခဲ့ရပါတယ်။   ဒုက္ခသည်အားလုံးအတွက် နေစရာရှာဖို့ ရက်ပိုင်းလောက်  ကြာမြင့်မယ်လို့  ဂရိအစိုးရက ဆိုပါတယ်။   ကျွန်းပေါ်မှာ ထောင်နဲ့ချီတဲ့ ရွက်ဖျင်တဲတွေ တည်ဆောက်ဖို့   နေရာရှာဖွေ  နေတယ်လို့လည်း ရွှေ့ပြောင်းသွားလာသူများ ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုခဲ့ပါတယ်။  ဒုက္ခသည်တွေအတွက် နေစရာ ဖန်တီးပေးမယ့် ခရီးသည်တင်ကူးတို့ယာဉ်ကလည်း  ဆိုက်ရောက်လာပါပြီ။   မီးလောင်ကျွမ်းခဲ့တဲ့ မိုရီယာ ဒုက္ခသည်စခန်းမှာ  ဒုက္ခသည်  တစ်သောင်း နှစ်ထောင်ခန့်  နေထိုင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up