လမ်းများပေါ်ရောက် လှိုင်းလုံးကြီးများ

January 20, 2020

မုန်တိုင်းကြောင့် စကော့တလန် လမ်းများပေါ်ရောက် လှိုင်းလုံးကြီးများ (ရုပ်သံ)

ဘရန်ဒန်မုန်တိုင်းကြောင့် ဖြစ်တဲ့ လှိုင်းလုံးကြီးတွေဟာ စကော့တလန်နိုင်ငံ အာဒရစ်ရှက်ကျေးရွာက လမ်းတွေပေါ်ကို ဖြတ်ကျော်ရောက်ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဇန်နဝါရီ ၁၃ ရက်မှာ ဖြစ်ခဲ့ပြီးတော့ မုန်တိုင်းကြောင့် နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ “ကျနော် ဒီမှာနေခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဒါဟာ အဆိုးရွားဆုံး မုန်တိုင်းပါပဲ”လို့ ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။ အသက်ကြီးကြီး အမျိုးသမီးတဦးကို မေးကြည့်တော့လည်း ဒီမုန်တိုင်းဟာ သူ့ဘဝတလျှောက် မြင်ဖူးသမျှ အဆိုးရွားဆုံးလို့ ပြောပါတယ်။  မုန်တိုင်းကြောင့် စကော့တလန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းနဲ့ အင်္ဂလန်တောင်ပိုင်းဒေသ များစွာကို မိုးလေဝသဌာနက ဇန်နဝါရီ ၁၄ ရက်နေ့မှာ အဝါရောင် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် ဗြိတိန်နိုင်ငံတဝန်းလုံးမှာ သယ်ယူပို့ဆောင်ရေးစနစ်တွေ ထိခိုက်ခဲ့ရပြီး ရထားတွေ၊ ဖယ်ရီစနစ်တွေကို ဖျက်သိမ်းခဲ့ရပြီး လန်ဒန် ဂက်ဝစ်လေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်ခရီးစဉ်တချို့လည်း ဖျက်သိမ်းခဲ့ရပါတယ်။
1 year Ago
Up