လမ်းဘေးနေအိမ်

A d v e r t i s e m e n t With Us

December 22, 2020

မဟာအောင်မြေတွင် ယာဉ် ၁ စီး လမ်းဘေးနေအိမ်ဝင်တိုက်သဖြင့် ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့၊ ၀၆း၁၀ အချိန်လောက်က ယာဉ် ၁ စီး ဘက်ဆုတ်ရာမှ ဘရိတ်မမိတော့ဘဲ လမ်းဘေး နေအိမ်အား ဝင်တိုက်တာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းအတိုင်း မောင်းလာတဲ့ အဖြူရောင် ၆ ဘီး သဲတင်ယာဉ်ဟာ တောဝဂူဘုရားတောင်ဘက်၊ မြစ်ဆိပ်ဆင်းလမ်းအရောက် ဘက်ဆုတ်ရာမှာ ဘရိတ်မမိတော့ဘဲ လမ်းဘေးရှိ လူနေအိမ်ကို တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် နေအိမ်အတွင်းရှိ မိသားစုဝင် အမျိုးသမီး ၁ ဦး၊ အမျိုး ၃ ဦးတို့ သဲတွေ ပိတ်မိနေကြောင်း သတင်းအရ မဟာအောင်မြေမြို့နယ် မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။   နေအိမ်တွင်း ပိတ်မိနေသူတွေကို ၀၇း၀၀ အချိန်မှာ ကယ်ထုတ်ပေးနိုင်ခဲ့ပြီး လူနာတင်ယာဉ် ၂ စီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး  ဒဏ်ရာရသူ ၂ ဦးထဲက အမျိုးသမီးဖြစ်သူ အခြေအနေ စိုးရိမ်ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
2 months Ago
Up