လမ်းပေါ်ထွက် ဂုဏ်ပြု

November 26, 2020

အာဂျင်တီးနားပရိတ်သတ်များ မာရာဒိုနာကို  လမ်းပေါ်ထွက် ဂုဏ်ပြု

မာရာဒိုနာ ကွယ်လွန်ခဲ့ပြီးနောက် မြို့တော်ဗျူနိုအေးရိစ်မှာ ပရိသတ်တွေ စုရုံး ရောက်ရှိလာခဲ့ကြပါတယ်။  အာဂျင်တီးနားအလံပေါ်မှာ မာရာဒိုနာ ရုပ်ပုံရိုက်နှိပ်ထားတဲ့ အလံတွေကိုင်ဆောင်ပြီး လမ်းမ ပေါ်မှာ စုရုံးရောက်ရှိလာခဲ့ကြတာပါ။  မာရာဒိုနာရဲ့ အမည်ကို သီချင်းလုပ်ကာ သီဆိုအော်ဟစ်ခဲ့ကြပြီး အရာအားလုံးအတွက် ကျေးဇူတင်ကြောင်း စာသားတွေကို ကိုင်ဆောင်ပြီးလည်း ဂုဏ်ပြုခဲ့ကြ ပါတယ်။  တိုက်စစ်မှူးဟောင်း မာရာဒိုနာကို ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းက သတ်မှတ်ထားတာပါ။  မာရာဒိုနာဟာ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားချန်ပီယံဖြစ်ဖို့ ဦးဆောင်နိုင်ခဲ့ပြီး နာပိုလီအသင်းနဲ့လည်း အီတလီစီးရီးအေ ချန်ပီယံ ၂ကြိမ် ရယူနိုင်ခဲ့ပါတယ်။  အာဂျင်တီးနားအစိုးရဘက်ကတော့ မာရာဒိုနာရဲ့ ဈာပနအခမ်းအနားကို ၃ရက်ကြာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။ 
5 months Ago
Up