လမ်းပေါ်ထွက်အောင်ပွဲခံ

A d v e r t i s e m e n t With Us

April 30, 2020

လီဗာပူးပရိသတ်များလမ်းပေါ်ထွက်အောင်ပွဲခံမည်ကို ရဲတပ်ဖွဲ့ စိုးရိမ်

လီဗာပူးအသင်း ချန်ပီယံဖြစ်တဲ့အချိန်ရောက်ရင် ပရိသတ်တွေ အကြီးအကျယ်အောင်ပွဲခံ ကြမှာကို ဒေသခံရဲတပ်ဖွဲ့က စိုးရိမ်နေပါတယ်။  လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်ဖို့အတွက်  ပရီးမီးယားလိဂ်ပြိုင်ပွဲပြန်လည်စတင်ချိန်မှာ နောက်ထပ် ၂ပွဲ ပဲ အနိုင်ကစားဖို့လိုအပ်တော့ တာပါ။  နှစ်ပေါင်း ၃၀ ကျော်ကြော စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအတွက် လီဗာပူးပရိသတ်တွေဟာလည်း အကြီးအကျယ်အာင်ပွဲခံကြဖို့ရှိနေတာပါ။  တချိန်တည်းမှာပဲ မြို့ခံရဲတပ်ဖွဲ့ အတွက်တော့ ခေါင်းခဲစရာဖြစ်နေပြီး ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ရှိချိန်မှာ ပရိသတ်တွေ လမ်းမထွက်ပြီး အကြီးအကျယ် အောင်ပွဲခံကြမှာကို စိုးရိမ် နေတာပါ။  ရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးနဲ့ အောင်ပွဲခံကြမယ့်အပေါ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြိုတင်ဆွေးနွေးပြီး နည်းလမ်းရှာဖွေနေတယ်လို့သိ ရပါတယ်။  လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ဥရောပချန်ပီယံ ဆုဖလားရယူနိုင်ခဲ့စဉ်က ပရိသတ် ၇ သိန်းခွဲက လမ်းမပေါ်မှာ ထွက်ပြီး အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။
10 months Ago
Up