လမ်းပိုင်းလုံခြုံရေး

May 15, 2021

လမ်းပိုင်းလုံခြုံရေး သတိပေးချက် ဆော PDF ထုတ်ပြန်

မကွေးတိုင်းထဲက ဆော-ဆိပ်ဖြူလမ်းပိုင်း၊ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွေမှာ မေ ၁၃ ရက်ကစလို့ လုံခြုံရေးအရ သွားလာတာ မလုပ်ဖို့  ပြည်သူကာကွယ်ရေး တပ်ဖွဲ့(ဆော-PDF)က ထုတ်ပြန်ကြေညာပါတယ်။ 

မေ ၁၂ ရက် ထုတ်ပြန်ချက်အရ ပြည်သူတွေအနေနဲ့  ဒီလမ်းပိုင်းတွေမှာ ဘယ်ကားမှ ဖြတ်သန်း မသွားဖို့နဲ့ အလေးထားလိုက်နာပြီး ပူးပေါင်းပါဝင်ကြဖို့ အသိပေးထားပါတယ်။

မေ ၁၃ ရက် နေ့လည်ပိုင်းကစလို့  ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ ဆောမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ  တိုက်ပွဲဖြစ်ပွားနေတာပါ။

7 months Ago
Up