လမ်းပန်းဆက်သွယ်ရေးပြတ်နေသည့် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုနေ

August 8, 2020

အင်းတော်တွင် တံတား ၂ စင်းရေထဲမျောပါ၊ ကျေးရွာ ၆ ရွာခန့် လမ်းပန်းဆက်သွယ်ရေးပြတ်

ကချင်ပြည်နယ်အတွင်း သြဂုတ်လ ၈ ရက်နေ့ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းလို့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထ ချောင်းကူးတံတား ၂ စင်း ရေထဲမျောပါ ပျက်စီးခဲ့ပါတယ်။  လတ်တလောမှာတော့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်စီခန့်နဲ့ ဌာနဆိုင်ရာတွေပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ အင်းတော်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသန်းဝင်းက ပြောပါတယ်။ “မိုးကတော့ အခုလည်း ဖွဲဖွဲလေး ကျနေတုန်းပဲ။ နောက်ထပ် သဲသဲမဲမဲ မရွာပါစေနဲ့ ဆုတောင်းနေရတာ။ တံတား အမှီပြုရတဲ့ ကျေးရွာ ၆ ရွာလောက်ကတော့ လောလောဆယ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာပေါ့။ ကျနော်တို့လည်း ဌာနဆိုင်ရာတွေနဲ့ အဲဒီရွာကို ရောက်နေတယ်။ ယာယီတံတားထိုးဖို့ကိစ္စ၊ ကမ်းပြိုအန္တရာယ်ရှိတဲ့ နေအိမ်တွေ ရွှေ့ပြောင်းဖို့ စီစဉ်ညှိနှိုင်းနေကြပါတယ်။”  တောင်ကျချောင်းရေကြောင့် နမီးချောင်းကို ဖြတ်ဆောက်ထားတဲ့ ပေ ၁၇၀ အရှည်ရှိ နမီး-ကွင်းငို့ ကျေးရွာချင်းဆက် အုတ်ခုံပျဉ်ခင်းတံတား (ငြိမ်းချမ်းရေး စုပေါင်းညီညာတံတား) ရေထဲမျောပါသွားခဲ့သလို ပေ ၂၂၀ အရှည်ရှိ နားဖာ-ဆားမှော် ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး သစ်သားတံတား တို့ ရေထဲ မျောပါ ပျက်စီးခဲ့တာပါ။  ဒါ့အပြင် ချောင်းအနီးရှိ ကမ်းပြိုအန္တရာယ်ကျရောက်နိုင်တဲ့ နေအိမ်အချို့ကိုလည်း ရွှေ့ပြောင်းတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ချောင်းရေတော့ ဆက်မတိုးတော့ဘဲ ပြန်ကျနေပြီလို့ ကိုယ်စားလှယ်ဆီက သိရပါတယ်။
8 months Ago

August 14, 2019

လမ်းပန်းဆက်သွယ်ရေးပြတ်နေသည့် ရေးမြို့နယ်က ရေဘေးသင့်ပြည်သူများ အကူအညီလိုနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရေဘေးသင့် ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ နေအိမ်တွေ ပြန်ဆောက်ဖို့နဲ့ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေပါတယ်။ ရေကြီးစဉ်က ကယ်ဆယ်ရေးစခန်းတွေကို မိသားစုအလိုက် မသွားရောက်နိုင်ခဲ့ပေမယ့် နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်ခိုလှုံခဲ့ရသူတွေဟာလည်း နေအိမ်က ပစ္စည်းတွေ ဆုံးရှုံးမှုတွေ ရှိနေသလို စားဝတ်နေရေးအတွက် အကူညီတွေ လိုအပ်နေဆဲပဲလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ကိုးမိုင်ကျေးရွာဒေသခံ ဦးလှိုင်ဘွားက ပရဟိတအဖွဲ့တွေ လာရောက်လှူဒါန်းတဲ့အတွက် လက်တလော အဆင်ပြေသွားပေမယ့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ရွာတွေမှာတော့ အကူညီ လိုအပ်နေတယ်လို့  ပြောပါတယ်။ ရေဘေးသင့်ပြည်သူတွေဆီကို အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းတာတွေရှိနေလို့  ယာယီကယ်ဆယ်ရေးစခန်းမှာခိုလှုံနေတဲ့ ရေဘေးသင့်ပြည်သူတွေကတော့ လတ်တလော အဆင်ပြေနေပါတယ်။ ရေး-ထားဝယ်ရထားလမ်းကတော့ တောင်ပြိုမှုတွေ မရှင်းလင်းနိုင်သေးလို့ ခရီးစဉ်တွေ ပိတ်ထားဆဲဖြစ်သလို ရေး၊ မော်လမြိုင်၊ ရန်ကုန် ရထားခရီးစဉ်ကို လာမယ့် သြဂုတ် ၁၅ ရက်နေ့ အချိန်မီ ပြန်လည်ပြေးဆွဲမယ်လို့ ရေးမြို့ရထားရုံပိုင်တာဝန်ခံ ဦးမောင်မောင်မြင့် က ပြောပါတယ်။ ရေးမြို့မှာ ရေကပြန်လည်ကျဆင်းသွားပေမယ့် ရေဘေးသင့်စာသင်ကျောင်းတွေ၊ နေအိမ်တွေ ပျက်စီး ရေထဲမျောပါတာအများပြားရှိခဲ့လို့   ပြန်လည်ထူရေးလုပ်ငန်းတွေလုပ်ဖို့လည်း အကူအညီတွေ လိုအပ်နေပါတယ်။ သတင်း- နေမျိုးထွဋ် 
လမ္းပန္းဆက္သြယ္ေရးျပတ္ေနသည့္ ေရးၿမိဳ႕နယ္က ေရေဘးသင့္ျပည္သူမ်ား အကူအညီလိုေန DVB မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ထဲက လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတဲ့ ေရေဘးသင့္ ေက်း႐ြာေတြမွာ ေဒသခံျပည္သူေတြ ေနအိမ္ေတြ ျပန္ေဆာက္ဖို႔နဲ႔ စားဝတ္ေနေရးအတြက္ အကူအညီ လိုအပ္ေနပါတယ္။ ေရႀကီးစဥ္က ကယ္ဆယ္ေရးစခန္းေတြကို မိသားစုအလိုက္ မသြားေရာက္ႏိုင္ခဲ့ေပမယ့္ နီးစပ္ရာေဆြမ်ိဳးေတြဆီ သြားေရာက္ခိုလႈံခဲ့ရသူေတြဟာလည္း ေနအိမ္က ပစၥည္းေတြ ဆုံးရႈံးမႈေတြ ရွိေနသလို စားဝတ္ေနေရးအတြက္ အကူညီေတြ လိုအပ္ေနဆဲပဲလို႔ အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။ ကိုးမိုင္ေက်း႐ြာေဒသခံ ဦးလႈိင္ဘြားက ပရဟိတအဖြဲ႕ေတြ လာေရာက္လႉဒါန္းတဲ့အတြက္ လက္တေလာ အဆင္ေျပသြားေပမယ့္ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္ေနတဲ့ ႐ြာေတြမွာေတာ့ အကူညီ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။ ေရေဘးသင့္ျပည္သူေတြဆီကို အနယ္နယ္အရပ္ရပ္က လာေရာက္ လႉဒါန္းတာေတြရွိေနလို႔ ယာယီကယ္ဆယ္ေရးစခန္းမွာခိုလႈံေနတဲ့ ေရေဘးသင့္ျပည္သူေတြကေတာ့ လတ္တေလာ အဆင္ေျပေနပါတယ္။ ေရး-ထားဝယ္ရထားလမ္းကေတာ့ ေတာင္ၿပိဳမႈေတြ မရွင္းလင္းႏိုင္ေသးလို႔ ခရီးစဥ္ေတြ ပိတ္ထားဆဲျဖစ္သလို ေရး၊ ေမာ္လၿမိဳင္၊ ရန္ကုန္ ရထားခရီးစဥ္ကို လာမယ့္ ၾသဂုတ္ ၁၅ ရက္ေန႔ အခ်ိန္မီ ျပန္လည္ေျပးဆြဲမယ္လို႔ ေရးၿမိဳ႕ရထား႐ုံပိုင္တာဝန္ခံ ဦးေမာင္ေမာင္ျမင့္ က ေျပာပါတယ္။ ေရးၿမိဳ႕မွာ ေရကျပန္လည္က်ဆင္းသြားေပမယ့္ ေရေဘးသင့္စာသင္ေက်ာင္းေတြ၊ ေနအိမ္ေတြ ပ်က္စီး ေရထဲေမ်ာပါတာအမ်ားျပားရွိခဲ့လို႔ ျပန္လည္ထူေရးလုပ္ငန္းေတြလုပ္ဖို႔လည္း အကူအညီေတြ လိုအပ္ေနပါတယ္။ သတင္း- ေနမ်ိဳးထြဋ္
2 years Ago
Up