လမ်းပတ်

October 22, 2022

ဗီလာနည်းပြဂျရတ်ကို ထုတ်ပယ်လိုက်သည့်အပေါ် အချိန်ပေးသင့်ကြောင်း လမ်းပတ် ပြော

အက်စတွန်ဗီလာအသင်းက နည်းပြဂျရတ်ကို ထုတ်ပယ်လိုက်တဲ့အပေါ် အချိန်တစ်ခုပေးသင့်ကြောင်း အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကပြောပါတယ်။

လမ်းပတ်နဲ့ ဂျရတ်တို့ဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ဆယ်စုနှစ်ကျော်ကြာ အတူတွဲဖက်ကစားခဲ့ကြသူတွေဖြစ်ပြီး အသင်းဖော်ဟောင်း ထုတ်ပယ်ခံရချိန်မှာ စာနာတဲ့စကား ဆိုခဲ့ပါတယ်။

ဂျရတ်အပါအဝင် ပရီးမီးယားလိဂ်အသင်းနည်းပြအားလုံးဟာ အချိန်ပေးဖို့ ထိုက်တန်ကြပြီး အာဆင်နယ်ဟာ နည်းပြအာတေတာကို အချိန်ပေးခဲ့လို့ ရလဒ် ကောင်းတစ်ခုရရှိနေတာက သက်သေဖြစ်ကြောင် လမ်းပတ်က ရှင်းပြပါတယ်။

နည်းပြတွေဟာ ရလဒ်အတွက် တာဝန်ယူရမှာဖြစ်ပေမယ့် ဒီနေ့ခေတ်ဘောလုံးလောကမှာ ကြိုးပမ်းတိုင်းလည်း အောင်မြင်နိုင်ဖို့ မလွယ်ကြောင်း လမ်းပတ်က ပြောပါတယ်။

ဗီလာအသင်းဟာ ရာသီအစ  ၁၁ ပွဲကစားအပြီးမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၃ ပွဲသရေ ၆ ပွဲရှုံးနိမ့်  အမှတ်ပေးဇယား အဆင့် ၁၇ မှာရပ်တည်နေတဲ့အတွက်  နည်းပြဂျရတ်ကိုထုတ်ပယ်ခဲ့တာပါ။

နည်းပြသစ်ရာထူးအတွက် စပို့တင်းလစ္စဘွန်းနည်းပြ ယူဘင်အာမိုရင်ကို ခေါ်ယူလိုနေပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့လည်းသတင်းထွက်ပေါ်နေပါတယ်။ 

1 month Ago

February 1, 2022

အသင်း၏ရည်မှန်းချက်ကြီးမားပုံကို သဘောကျကြောင်း အဲဗာတန်နည်းပြသစ် လမ်းပတ်ပြော

အဲဗာတန်အသင်းတာဝန်ရှိသူတွေရဲ့ ရည်မှန်းချက်ကြီးမားပုံကို အလွန်သဘောကျကြောင်း နည်းပြသစ် ဖရန့်လမ်းပတ်က ပြောပါတယ်။ 

ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်ဟာ အဲဗာတန်နဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာပါ။ 

အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌအပါအဝင် ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ သူတို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမှုနဲ့ ရည်မှန်းချက်တွေကို သိရှိလာခဲ့ရပြီး  စိတ်အားထက်သန်မှုတွေ ပိုရှိလာကြောင်း နည်းပြလမ်းပတ်ကပြောပါတယ်။ 

“သူတို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမူနဲ့ ရည်မှန်းချက်တွေက အလွန်နှစ်သက်စရာကောင်းတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်တွေနဲ့ အတူတကွဲလုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒကိုလည်း သူတို့နှစ်သက်မယ်လို့ မျှော်လင့်တယ်။ ကစားသမားတွေကို ပထမဆုံးစကားပါးလိုတာကတော့ စည်းလုံးမှုရှိရှိနဲ့ အတူတကွကြိုးစားကြဖို့ပါပဲ။ ကိုယ့်အလုပ်ကိုလုပ်တာနဲ့ တစ်ပြိုင်နက် ပရိသတ်တွေကလည်း အနောက်ကနေ ထောက်ခံအားပေးနေပါလိမ့်မယ်။” 

နည်းပြလမ်းပတ်ဟာ အသင်းနဲ့စာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ စပါးကွင်းလယ်လူ အယ်လီတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

10 months Ago
More News
Up