လမ်းပတီ

November 4, 2020

ဘရိုက်တန် လူငယ်ကြယ်ပွင့် လမ်းပတီကို ဘိုင်ယန်နှင့် တီကို ခေါ်ယူလို

ဘရိုက်တန် လူငယ်နောက်ခံလူ လမ်းပတီကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုအသင်းတွေလည်း ပါဝင်လာပါတယ်။  အင်္ဂလန် ညာနောက်ခံလူ လမ်းပတီဟာ အသက် ၂၀ သာရှိသေးပြီး ချဲလ်ဆီးကနေ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၇ ပွဲစလုံး ပါဝင်ကစားထားပြီး စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ချေပဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။  ဘရိုက်တန်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုထားတဲ့ လမ်းပတီကို ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုအသင်းတွေက စောင့်ကြည့်နေပြီး ဆီဗီလာအသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ လမ်းပတီဟာ ပရီးမီးယားလိဂ်မှာ တိကျတဲ့ ဖြတ်တင်ဘော ပေးပို့နိုင်မှုမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ခံစစ်စွမ်းဆောင်ရည်မှာလည်း တတိယအကောင်းဆုံး ကစားသမား ဖြစ်ပြီး တပွဲကို ပျမ်းမျှ ၄ ဒသမ ၆ ကြိမ် ဘောလုံးလုယူမှု အောင်မြင်ထားတယ်လို့ သိရပါတယ်။
2 years Ago
Up