လမ်းချော

April 2, 2021

အကြမ်းဖက်စစ်တပ် ကားတစ်စီး လမ်းချော်ပြီး ဓာတ်မီးတိုင်ဝင်တိုက်

ကချင်ပြည်နယ် နမ္မတီးမြို့အဝင်က ကျောက်တောင်ကုန်းအဆင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် လိုက်ပါလာတဲ့ စစ်တပ်ပိုင်မော်တော်ယာဉ်တစ်စီး လျှပ်စစ်မီးတိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိတယ်လို့ နမ္မတီးဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဓာတ်တိုင်တော့ ကြိုးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာဟာ မြစ်ကြီးနား-မန္တလေး အဝေးပြေးလမ်းမကြီးဖြစ်တာကြောင့် အချိန်အတော်ကြာ ကားတွေ ရှောင်ကွင်းသွားလာခဲ့ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

8 months Ago
Up