လမ်းကြောင်းမှန်ပေါ်

December 16, 2019

လမ်းကြောင်းမှန်ပေါ်  ပြန်ရောက်လာသည့် အဲဗာတန်

ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခု တပတ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံရာမှာ အဲဗာတန်တို့ အဝေးကွင်းမှာ ခြေစွမ်းပြခဲ့ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက် နောက်ခံလူ လင်ဒီအော့ဖ်ရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိရာကနေ အဲဗာတန်တို့  ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အခုရာသီမှာ ခြေစွမ်းတွေ တောက်လျှောက်ပြသပြီး ဂိုးဆက်တိုက်သွင်းပေးနေတဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ချေပဂိုးကြောင့် သရေတမှတ်နဲ့ပဲ ကျေနပ်လိုက်ရတာပါ။ အဲဒီပွဲမှာတော့ အဲဗာတန်နည်းပြဖြစ်တဲ့ ဒွန်ကန်ဖာဂူဆန်ရဲ့ ဝတ်ဆင်မှုတချို့ဟာ ပရိသတ်တော်တော်များများရဲ့ သဘောကျ နှစ်ခြိုက်ခြင်းကို ခံခဲ့ရပါသေးတယ်။  ဖာဂူဆန်ဟာ ဘယ်ဘက်လက်မှာ‌ အဲဗာတန်အသင်း ချွေးစုပ်လက်ပတ် ပတ်ခဲ့သလို ညာဘက်လက်မှာတော့ အသင်းရဲ့ဂန္ထဝင် ဟောင်း၀က်ကန်ဒဲလ်ရဲ့ နာရီကို ပတ်ခဲ့တာ ဖြစ်ပါတယ်။  အဲဗာတန်‌လက်ပတ်ကို ၀တ်ထားရခြင်းကတော့ သူ ကစားသမားဘ၀တုန်းက ဆေးရုံတခုမှာ နေမကောင်းတဲ့ ကလေးငယ်တယောက်ကို လက်ပတ် လက်ဆောင်ပေးရင်းကနေ အခုအချိန်မှာတော့ အပတ်စဉ် လက်ပတ်တခု ဝယ်နေရကြောင်း၊ သူ့ရဲ့ အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်ပန်နဲ့ ပတ်သက်လို့ ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။  အခုပွဲရလဒ်ကြောင့် အဲဗာတန်အသင်းဟာ အဆင့် ၁၆ နေရာထိ ပြန်ရောက်လာခဲ့သလို ရလဒ်ကောင်းတွေနဲ့အတူ အချိန်တိုတွင်း ပရိသတ်သဘောကျအောင် ဦးဆောင်ထားနိုင်ခဲ့တဲ့ ဖာဂူဆန်ကိုတော့ အဲဗာတန်ဘက်ကတော့ ယာယီသာကိုင်တွယ်စေဖို့ ရည်ရွယ်ထားထားပါတယ်။  စကော့တလန်သား နည်းပြဘက်ကတော့ အဲဗာတန်အတွက် ကစားသမားဘ၀အပြင် နည်းပြဘ၀ ရောက်ချိန်မှာလည်း ထပ်မံပေးဆပ်ချင်သေးကြောင်း ပြောပါတယ်။
2 years Ago
Up