လမ်းဖြတ်ကူးနေစဉ် ကားကြိတ်ခံရသည့် အမျိုးသမီးကို ကယ်တင်

A d v e r t i s e m e n t With Us

March 21, 2016

လမ်းဖြတ်ကူးနေစဉ် ကားကြိတ်ခံရသည့် အမျိုးသမီးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ အမ်ဟွီးခရိုင်ထဲက လမ်းမတခုပေါ်မှာ အမျိုးသမီးတဦးဟာ လမ်းဖြတ်ကူးနေချိန်မှာ တဘက်ကမောင်းနှင်လာတဲ့ ကားက ဖြတ်ကြိတ်ခဲ့လို့ လမ်းသွားလမ်းလာတွေက ကားအောက်ကနေ ဆွဲထုတ်ကယ်တင်ခဲ့ရပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ အဲဒီအမျိုးသမီးဟာ လူကူးမျဉ်းကြားမှတဆင့် လမ်းဖြတ်ကူးနေချိန် လမ်းတဘက်မှ ကွေ့လာတဲ့ကားက ဖြတ်တိုက်မိခဲ့ပြီး ကားအောက်ကို ရောက်သွားခဲ့တာပါ။ အဲဒီအဖြစ်အပျက်ကို တွေ့ရတဲ့ လမ်းသွားလမ်းလာတွေဟာ အဲဒီနေရာကို စုရုန်း ရောက်ရှိလာကြပြီး အဆိုပါအမျိုးသမီးကို ကားအောက်က ဆွဲထုတ်ကယ်တင်ခဲ့ကြတာကို စီစီတီဗွီသတင်းရဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ ဖော်ပြပါတယ်။ ကားကိုမတင်ပြီး အမျိုးသမီးကို ဆွဲထုတ်ကယ်တင်ပြီးချိန်မှာတော့ ကံကောင်းထောက်မစွာပဲ အနည်းအကျဉ်း ဒဏ်ရာရရှိရုံသာရှိခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
5 years Ago
Up