လမ်းကြောင်းမှားသည့်ကားနှင့်တိုက်မိပြီး ဆိုင်ကယ်သမား တောင်စောင်းပေါ်မှ ပြုတ်ကျသေဆုံး

February 27, 2017

လမ်းကြောင်းမှားသည့်ကားနှင့်တိုက်မိပြီး ဆိုင်ကယ်သမား တောင်စောင်းပေါ်မှ ပြုတ်ကျသေဆုံး (ရုပ်သံ)

တောင်တက်လမ်းပေါ် လမ်းကြောင်းမှားပြီး မောင်းလာတဲ့ကားက မျက်နှာချင်းဆိုင်လမ်းကလာတဲ့ ဆိုင်ကယ်သမားကို တိုက်မိပြီး ဆိုင်ကယ်သမား တောင်စောင်းပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဒီထိတ်လန့်ဖွယ် အခိုက်အတန့် ရုပ်သံဗီဒီယိုကို မေရာရဲ့ ဖေဖော်ဝါရီ ၂၅ ရက် သတင်းမှာ ဖော်ပြထားတာပါ။ ကားမောင်းသူအမျိုးသမီးက သူမ နေမကောင်းဘဲ ကားမောင်းလာလို့ လမ်းကြောင်းမှားပြီး မောင်းမိခဲ့တာလို့ ပြောပါတယ်။ ဒီယာဉ်တိုက်မှုက ထိုင်ဝမ်နိုင်ငံ စင်ထရယ်ခရော့စ်အိုင်လန် အဝေးပြေးကားလမ်းမပေါ်မှာ ဖြစ်ခဲ့ပြီး လမ်းပေါ်က စီစီတီဗွီနဲ့ ယာဉ်တိုက်မှုဖြစ်တဲ့ ကားဒက်ရှ်ဘုတ် ကင်မရာတွေက အခင်းဖြစ်ပွားမှုကို ရိုက်ကူးမိတာပါ။ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ၆၅ ပေအမြင့်ရှိတဲ့ တောင်ပေါ် ကွေ့ကောက်လမ်းတလျှောက် ကားက လမ်းမှားမောင်းလာခဲ့ပြီး အဲဒီအချိန် မထင်မှတ်ဘဲ မျက်နှာချင်းဆိုင်ကလာတဲ့ ဆိုင်ကယ်သမားကို တိုက်မိပြီး ဆိုင်ကယ်သမား လေထဲမြောက်တက်သွားကာ တောင်ကမ်းပါးပေါ်က မြေကြီးပေါ် ပြုတ်ကျ သေဆုံးခဲ့ရပါတယ်။ စက္ကန့်ပိုင်းကြာပြီးတဲ့နောက် ဆိုင်ကယ်သမားကို ဆေးရုံ အမြန်မသယ်ခင် ကားမောင်းတဲ့ အမျိုးသမီးက အခင်းဖြစ်တဲ့နေရာနဲ့ ဝေးတဲ့ ကားရပ်နားရာဆီကို မောင်းနှင်လာတယ်လို့ ဆိုပါတယ်။ ပီးပဲလ်ဒေးလီးချိုင်းနား သတင်းအရ ကားမောင်းသူ အမျိုးသမီးဟာ ဒီအခင်းဖြစ်ပွားချိန်မှာ သူမ နေသိပ်မကောင်းဘဲ ကားကိုကွေ့ရင်း စိတ်ရှုပ်နေလို့ လမ်းမှားဘက်ကို မောင်းမိတာလို့ ပြောပါတယ်။ ကားမောင်းသူအမျိုးသမီးကို တရားစွဲဆိုခြင်း ရှိ မရှိတော့ မသိရသေးပါဘူး။
4 years Ago
Up