ပန် ဟွန်ဒါ မော်တော်ကုမ္ပဏီက မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေ လမ်းလျှောက်ရင် အကူအညီပေးနိုင်မယ့် ရိုဘော့ ခြေလက်အင်္ဂါကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ဒီပစ္စည်းဟာ ပြန်လည်ထူထောင်ရေးမှာ အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ထားတာ ဖြစ်ပါတယ်။
အဖြူနဲ့ အမည်းရောင် ၂ ဒသမ ၇ ကီလိုလေးတဲ့ လစ်သူရီယမ် ဘက်ထရီပါ ဒီကိရိယာဟာ ခြေထောက်မှာ ကြိုးနဲ့ သိုင်းတပ်ဆင်ရပြီး ခါးအပေါ်ဘက်မှာလည်း တပ်ဆင်ရမှာ ဖြစ်ပါတယ်။
အသုံးပြုတဲ့သူ လမ်းလျှောက်ရင် ခြေထောက်ရဲ့ လှုပ်ရှားမှုကို ကိရိယာက ခြေရာခံမှာဖြစ်ပြီး လှုပ်ရှားမှုတွေကို ပိုင်းခြားစိစစ်ပေးမှာဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို အသုံးပြုသူက တိုက်ရိုက်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အားသွင်းထားရင်တော့ ကိရိယာကို ၁ နာရီလောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
နိုဝင်ဘာလက စတင်ပြီး ကိရိယာ ၄၅၀ ကို ရောင်းချမှာဖြစ်သလို တခုကို ဒေါ်လာ ၃၆၁ ပေးရမှာ ဖြစ်ပါတယ်။
"ဒီကိရိယာကို တီထွင်ပြီး ဆေးရုံတွေနဲ့ စကားပြောခဲ့ပါတယ်။ အခုတော့ ၀ယ်ယူမယ့်လူက များလာပါတယ်။ ဒါကြောင့် ဒီကိရိယာကို ပိုကောင်းအောင် လုပ်ချင်လာပါတယ်။ အနည်းဆုံး ၃ နှစ်လောက်ခံအောင်ပေါ့။ အခုလုပ် အခုပစ်လိုက်ရတဲ့ အရာမျိုးမဖြစ်ချင်ပါဘူး” လို့ ဒီကိရိယာကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတဲ့ တော်ရှီဟီရို အီတိုက ပြောပါတယ်။
ဒီကိရိယာအကြောင်းကို ဖြစ်နိုင်ရင် သာမန်လူတွေ သိစေချင်ပြီး လာမယ့်နှစ်တွေမှာ လူတွေ ပိုကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်လို့ ပြောပါတယ်။
6 years Ago