လမ်းလျှောက်တတ်စကလေးကဲ့သို့ ဖြစ်နေသည့် ၂၄ နှစ်အရွယ် မိန်းကလေး

February 6, 2017

လမ်းလျှောက်တတ်စကလေးကဲ့သို့ ဖြစ်နေသည့် ၂၄ နှစ်အရွယ် မိန်းကလေး (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးတဦးဟာ အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်  လမ်းလျှောက်တတ်စအရွယ် ကလေးတဦးလို ဖြစ်နေတာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဆာရီ ရက်ဇီတာအေရီဗန်တီကို ၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အရပ်အမြင့် ၈၇ စင်တီမီတာနဲ့ ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်သာ ရှိနေခဲ့တာပါ။ သူဟာ မိသားစုနဲ့အတူ အင်ဒိုနီးရှားနိုင်ငံ၊ ဒီဒိုင်ဂျာရာခရိုင်မှာ နေထိုင်တာဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့အတွက် မိသားစုတွေက သူ့ကို ဘီးတပ်ကုလားထိုင်နဲ့ လှည့်လည် သွားလာစေတာ ဖြစ်ပါတယ်။ ဒါဟာ ရှားပါးရောဂါတမျိုးဖြစ်ပြီး သူ့အသက် ၂ နှစ်အရွယ်ထိ မိဘတွေက ဒီအခြေအနေကို မသိနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူတို့မိသားစုဟာ နေထိုင်ရာ ကျေးရွာတွေအနှံ့ ရွှေ့ပြောင်းသွားလာနေခဲ့ကြရပြီး ဆေးကုသဖို့ ရန်ပုံငွေမရှိတဲ့အတွက် သူ့အသက် ၁၃ နှစ်မတိုင်ခင်အထိ ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ အသက် ၂ နှစ်အရွယ်ထိတိုင်အောင် ဆာရီဟာ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်တဲ့အပြင် ဘာမှကို မလုပ်နိုင်ခဲ့ပါဘူး။ ခုချိန်မှာတော့ သူဟာ စကားနည်းနည်းပြောနေနိုင်ပြီဖြစ်ပေမယ့် သွက်သွက်လက်လက် မပြောနိုင်သေးဘဲ ကလေးတယောက်ပြောသလိုသာ ဖြစ်နေတယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။ သူပြောတာကို ဘယ်သူမှနားမလည်နိုင်ပေမယ့် မိခင်ဖြစ်သူကတော့ နားလည်နိုင်တယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာကိုကြည့်ပြီး ဟော်မုန်းကုသနည်းနဲ့ ဆိုရင်တော့ ဆာရီရဲ့ အခြေအနေဟာ ပြန်ကောင်းလာနိုင်ပြီး မိခင်ဖြစ်သူကတော့ တနေ့မှာ လမ်းလျှောက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
4 years Ago
Up