လမ်းလျှောက်ဆန္ဒပြမည်

December 22, 2016

ရွှေမိပလတ်စတစ်စက်ရုံမှ အလုပ်သမားများ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒပြမည်

ဆန္ဒပြတောင်းဆိုတာ ၂၅ ရက်မြောက်ရှိနေပြီဖြစ်တဲ့ ရွှေမိပလတ်စတစ်စက်ရုံက အလုပ်သမားတွေအနေနဲ့ ၂ ပတ်အတွင်း ပြေလည်မှုမရရင် မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လှိုင်သာယာစက်မှုဇုန် ၁ ရွှေမိပလတ်စတစ်စက်ရုံက အလုပ်သမားတွေဟာ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပြီး အရှိန်အဟုန်မြှင့် တောင်းဆိုမယ့် အခြေအနေတွေကို ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က စက်ရုံရှေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ ဓာတုဗေဒ ကိုင်တွယ်လုပ်ကိုင်ရတာတွေအတွက် ကရုဏာကြေး သတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ရွှေမိ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးနေဇာထွန်းက “ကျနော်တို့ ပြဿ နာကို တိုင်းအစိုးရအဖွဲ့ကို ဝင်ရောက်ညှိနှိုင်းပေးစေချင်ပါတယ်။ တကယ်လို့ ၂ ပတ်အတွင်း ပြေလည်မှုမရရင် လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမှာပါ။ ညီနောင်သမဂ္ဂအဖွဲ့တွေ အပါအဝင် လူအင်အား ၁၀၀၀ လောက်နဲ့ တောင်းဆိုသွားပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
5 years Ago

November 29, 2016

ပြည်တွင်းစစ် ရပ်ဆိုင်းရန် အလံဖြူကိုင် လမ်းလျှောက်ဆန္ဒပြမည်

ပြည်တွင်းစစ်တွေ ရပ်ဆိုင်းပေးဖို့ အလံဖြူကိုင် လမ်းလျှောက်ဆန္ဒပြတဲ့ လှုပ်ရှားမှု ဒီဇင်ဘာလ ပထမပတ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြုလုပ်မယ့် ဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ချီတက် လှုပ်ရှားကြမှာပါ။ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ကိုမြတ်ကျော်က “ပြည်တွင်းစစ်ရပ်ဖို့ကို ပြည်သူ အားလုံး ဆန္ဒရှိမှာပါ။ ဒါပေမယ့် အားလုံးပါဝင်ဆန္ဒဖော်ထုတ်ဖို့တော့ အခက်ခဲရှိနိုင်ပါတယ်။ အဲဒီ့အတွက် ပြည်သူအားလူံးပါဝင်နိင်မယ့် လှုပ်ရှားမှုတခုအနေနဲ့ မည်သူမဆို ကိုယ့်အိမ်၊ ကား နောက်ဆုံး ထမင်းချိုင့်လေးတွေမှာပါ အလံဖြူ ဒါမှမဟုတ် အဝတ်ဖြူလေးတွေစည်းပြီး ပြည်တွင်း စစ် ရပ်စဲရေးကို ထောက်ခံကြောင်း ဆန္ဒပြုတဲ့အနေနဲ့ ပါဝင်လုပ်ပေးစေချင်ပါတယ်”လို့ ပြောပါ တယ်။ ဒီလှုပ်ရှားမှုနဲ့ပတ်သတ်ပြီး ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရှင်းလင်းပြောဆို ခဲ့ကြပါတယ်။ လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာ အားလုံးကို ခွင့်ပြုချက်တင်ထားပြီး လက်ရှိမှာ လူအင်အား ၂၀၀ တင်ထားတယ်လို့ ပြောပါတယ်။
5 years Ago
Up