လမ်းလျှောက်ကား

August 25, 2015

အိတ်အတွင်းထည့်၍ သယ်ဆောင်သွားနိုင်သည့် လမ်းလျှောက်ကား (ရုပ်သံ)

ကျော့မော့လှပနေတဲ့ ဒီတကိုယ်ရည်သုံး သွားလာရေးယာဉ် အငယ်စားလေးကို သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေမှာပဲ ရှိသင့်တယ်လို့ မမြင်လိုက်ပါနဲ့နော်။ ဒီလမ်းလျှောက်ကားလေးကို တိုကျိုမြို့က လမ်းတွေပေါ်မှာ မကြာခင်မှာဘဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အပေါ့စား အလူမီနီယမ်ပြားဟာ အမြန်နှုန်းနဲ့ဆိုရင် အားသွင်းပြီးအချိန်မှာ တနာရီကို ၁၀ ကီလိုမီတာနှုန်းနဲ့ ၁၂ ကီလိုမီတာ အကွာအဝေးထိ သွားလာနိုင်မှာ ဖြစ်ပါတယ်။  အိတ်ဆောင်သွားလာရေးယာဉ်အတွက် ကုမ္ပဏီတခုက ထောက်ပံ့ပေးနေတာပါ။ Cocoa Motors ကုမ္ပဏီက ဒီယာဉ်ကို အိတ်ငယ်လေးအတွင်းမှာ ၀င်ဆန့်နိုင်အောင် ဒီဇိုင်းထွင်ထားပါ။ "ကျနော်တို့ရဲ့ ယာဉ်တွေကို အိတ်တွေထဲမှာထည့်ပြီး သယ်လို့ရရင် ကောင်းမှာပဲ။ ကျနော်တို့ စီးနင်းဖို့အတွက် ကျနော်တို့ဆီမှာ အမြဲတမ်း တခုခုရှိနေတဲ့သဘောပဲ မဟုတ်လား" လို့ တွေးမိတယ်။ ကျနော့်သူငယ်ချင်းက အဲဒီယာဉ်မျိုးတခု လုပ်ကြည့်ဖို့ ကျနော့်ကို ပြောတယ်။" ပါကင်ထိုးဖို့နေရာအတွက်လည်း ပူစရာ မလိုတော့ပါဘူး။ ဒီယာဉ်ကို ထိန်းကျောင်းရလည်း လွယ်ကူပါတယ်။ လားရာပြောင်းဖို့အတွက် စီးနင်းသူက ဟန်ချက်လိုက်ပြောင်းပေးရုံပါပဲ။ ပြိုင်ဘက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Segway နဲ့ Toyota's Winglet ကုမ္ပဏီတို့ကို ဒီယာဉ်က အနိုင်ပိုင်းနိုင်မှာဖြစ်ကြောင်း Cocoa Motors က ဆိုပါတယ်။ "လမ်းလျှောက်ကားက ထုတ်ကုန်အသစ်စက်စက်တခုပါ။ အကြမ်းထည်ကနေ စပြီး လုပ်ခဲ့ရတာပေါ့။ ဂျပန်ဟာလည်း တီထွင်နိုင်စွမ်းရှိတယ် ဆိုတာကို ကမ္ဘာကို သိစေချင်တာပါ။" သွားလာဖို့အတွက်  ပျော်စရာကောင်းရုံတင် မကပါဘူး။ လမ်းလျှောက်ကားဟာ ဘီးတပ်ကုလားထိုင်ကို လူတွေ အသာလေး ကူပြီးတွန်းပေးနိုင်အောင် စွမ်းအင်အလုံအလောက် ရှိပါတယ်။ လမ်းလျှောက်ကားကို ထောက်ပံ့ငွေ အများကြီးရနိုင်မယ့် Kickstarter မှာ ဒီနှစ်နှောင်းပိုင်းရောက်ရင် စတင်ဖြန့်ဖြူးမှာ ဖြစ်ပါတယ်။
6 years Ago
Up