လမ်းပေါ် အနမ်းပေးနေကြသည့်

April 21, 2017

လမ်းပေါ် အနမ်းပေးနေကြသည့် ချစ်သူစုံတွဲကို ကားတစီးဖြတ်တိုက်၊ ၁ ဦးသေဆုံး(ရုပ်သံ)

တရုတ်နိုင်ငံ လမ်းမတခုပေါ်မှာ အနမ်းပေးနေကြတဲ့ ချစ်သူစုံတွဲတတွဲဟာ ကားတစီးက အရှိန်နဲ့ ဖြတ်တိုက်ခံခဲ့ရပြီးနောက်မှာ ၁ ဦးသေဆုံးသွားခဲ့တယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဆိုပါစုံတွဲဟာ ကနဦးက အချင်းချင်း အခြေအတင်စကားများနေခဲ့ကြတာဖြစ်ပြီး ကားတွေက သူတို့ကို ရှောင်ကွင်းမောင်းနှင်ခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာ မိန်းကလေးဖြစ်သူက အဲဒီနေရာကနေ ထွက်သွားဖို့ ကြိုးစားခဲ့ချိန်မှာ ချစ်သူကောင်လေးက သူ့ကို ပြန်ဆွဲထားခဲ့ပြီး အနမ်းပေးခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ လမ်းတဖက်က မောင်းနှင်လာတဲ့ ကားတစီးက သူတို့ကို အရှိန်နဲ့ ဖြတ်ဝင်တိုက်ခဲ့ချိန်မှာတော့ သူတို့ ၂ ယောက်လုံးဟာ လေထဲကို မြောက်တက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ မနက်ခင်းအစောပိုင်း ၃ နာရီလောက်က တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းခရိုင်၊ ဟေဇီးမြို့မှာ ဖြစ်ခဲ့ပြီး ကားနဲ့တိုက်ခဲ့သူက အရက်အလွန်အကျွံ သောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ကားနဲ့ တိုက်ခံခဲ့ရတဲ့ စုံတွဲကိုတော့ ဆေးရုံအရေးပေါ်ဌာနဆီ ပို့ဆောင်ခဲ့ရပြီး သူတို့ ၂ ဦးထဲက တဦးကတော့ သေဆုံးသွားခဲ့ရတာပါ။ ဇန်အမည်ရတဲ့ အဲဒီယာဉ်မောင်းအမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့ပြီး စစ်ဆေး ကြည့်ချိန်မှာတော့ သတ်မှတ်နှုန်းထက် အရက်ပိုသောက်သုံးထားခဲ့တာကို တွေ့ရှိခဲ့ရပြီး အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up