လမ်းပေါ်မှ အမှတ်အသားများကို ဆေးခြယ်သည့် တရုတ်အမျိုးသား ဖမ်းဆီးဒဏ်ရိုက်ခံရ

December 1, 2017

လမ်းပေါ်မှ အမှတ်အသားများကို ဆေးခြယ်သည့် တရုတ်အမျိုးသား ဖမ်းဆီးဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံအရှေ့ပိုင်း လျန်ယွင်ဂန်းမြို့က လူစည်ကားတဲ့လမ်းဆုံမှာ လမ်းပေါ်ကအမှတ်အသားတွေကို ဆေးခြယ်ပစ်တဲ့ တရုတ်အမျိုးသားတဦးကို ရဲတွေက ဖမ်းခဲ့ပြီး ဒဏ်ငွေ ယွမ် ၁၀၀၀ ဒဏ်တပ်ခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်မှာ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ တောက်ပတဲ့ ဂျာကင်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတဦးက သူ့ဘေးမှာ ကားတွေ အရှိန်နဲ့ သွားလာနေပေမယ့် လမ်းပေါ်က အမှတ်အသား အတော်များများကို ဆေးခြယ်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိအမှတ်အသားတွေကြောင့် ယာဉ်ကြော ကြပ်ညပ်နေနိုင်တယ်၊ ယာဉ်ကြောပြဿနာတွေ အေးငြိမ်းအောင် အားထုတ်တာလို့ ဆေးသုတ်သူ အမျိုးသားက ပြောပါတယ်။ ရဲတွေက သူ့ရဲ့အမှတ်အသားတွေကို တိုက်ချွတ်ဖျက်ပစ်ခဲ့တယ်၊ ခုတော့ လမ်းဆုံက အရင်အတိုင်း ပြန်ဖြစ်နေပြီလို့ ရဲတွေက ပြောပါတယ်။
3 years Ago
Up