လမ်းပေါ်တွင် ကျောင်းသားများကို ထိုင်ထလုပ်ခိုင်းသည့် ထိုင်းရဲ ရေပန်းစား (ရုပ်သံ)

February 9, 2017

လမ်းပေါ်တွင် ကျောင်းသားများကို ထိုင်ထလုပ်ခိုင်းသည့် ထိုင်းရဲ ရေပန်းစား (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ဆိုင်ကယ်စီးဦးထုတ်မဆောင်းတဲ့ ကျောင်းသားတွေကို လမ်းပေါ်ထိုင်ထ လုပ်ခိုင်းပြီး ဒဏ်ပေးတဲ့ ယာဉ်ထိန်းရဲတစ်ဦးကို လူမှုကွန်ရက်မှာ ၀ိုင်းဝန်းချီးကျူးနေကြပါတယ်။ အဆိုပါရဲဟာ ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေကို ဒိပြင် ရဲအများစုက လုပ်လေ့လုပ်ထရှိတဲ့  ဖြတ်ပိုင်းပေးပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေ မလုပ်ဘဲ ပခုံးဖက်ထိုင်ထလုပ်ခိုင်းကာ ယာဉ်စည်းကမ်း ပညာပေးခဲ့တာပါ။ ဒီဖြစ်စဉ်ကို Tonz Vocalist Demon   ဆိုသူက ဗွီဒီယိုရိုက်ယူပြီး  သူ့ရဲ့လူမှုကွန်ရက်ပေါ်တင်လိုက်ရာမှာ တချို့က အဆိုပါရဲကို နှလုံးသားလှသူ လို့ တင်စားခေါ်ဝေါ်နေပါတယ်။
4 years Ago
Up