လမ်းပျောက် ရဟတ်ယာဉ်က ကုန်တင်ယာဉ်မောင်းကို လမ်းကြောင်းမေးခဲ့သည့် ရုပ်သံရေပန်းစား

February 17, 2017

လမ်းပျောက် ရဟတ်ယာဉ်က ကုန်တင်ယာဉ်မောင်းကို လမ်းကြောင်းမေးခဲ့သည့် ရုပ်သံရေပန်းစား

ရုရှား ရဟတ်ယာဉ်ပိုင်းလော့တဦးဟာ လေ့ကျင့် မောင်းနှင်နေချိန်မှာ လမ်း ကြောင်းပျောက်သွားခဲ့တဲ့အတွက် မြေပြင်ဆီဆင်းသက်ပြီး ကုန်တင်ယာဉ်မောင်းတဦးကို လမ်းကြောင်းမေးမြန်းခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ရေပန်းစားပျံ့နှံ့ နေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကာဇက်စတန်နိုင်ငံ အဝေးပြေးလမ်းမတနေရာမှာ ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရုရှားလုပ် အလတ်စား Mi-8 အမျိုးအစား ရဟတ်ယာဉ်ပေါ်မှ ပိုင်းလော့တ်အမျိုးသားဟာ ဆင်းလာခဲ့ပြီး ကုန်တင်ကားဆီ ပြေးလာခဲ့ကာ ဆင်းသက်နိုင်မယ့် အနီးဆုံးမြို့နဲ့ လမ်းကြောင်းကို မေးမြန်းခဲ့တာပါ။ ဒီအဖြစ်အပျက်ဖြစ်ပွားချိန်မှာ အနီးနားဝန်းကျင်မှာ နှင်းတွေ ထူထပ်သိပ်သည်းစွာ ကျဆင်းနေခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ဟာ ၂ လမ်းသွား လမ်းမအလယ်မှာ ရပ်နေခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အနီးနားက မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတဦးက ရိုက်ယူထားခဲ့ကာ “ဒီကောင် ဘာလုပ်နေတာလဲ။ လမ်းလယ်ကောင်မှာ ထိုင်နေတော့မှာလား”လို့ မယုံကြည်နိုင်တဲ့ အသံနဲ့ ရေရွတ်ခဲ့တာကို ကြားရပါတယ်။
4 years Ago
Up