လမ်းလုရာမှ ဆိုင်ကယ်သမားက ကားကို ခဲဖြင့်ပစ်ပေါက်သဖြင့် ဓာတ်တိုင်ဝင်တိုက် (ရုပ်သံ)

A d v e r t i s e m e n t With Us

May 7, 2016

လမ်းလုရာမှ ဆိုင်ကယ်သမားက ကားကို ခဲဖြင့်ပစ်ပေါက်သဖြင့် ဓာတ်တိုင်ဝင်တိုက် (ရုပ်သံ)

ထိုင်းနိုင်ငံ ဖူးခက်က အဝေးပြေးလမ်းပေါ်မှာ ကားသမားနဲ့ ဆိုင်ကယ်မောင်းသမားတို့ ဧပြီ ၃ ရက် နေ့ခင်းပိုင်းမှာ စကားများခဲ့ပါတယ်။ ဒီနောက် ကားသမားက ကားကို ဆက်လက်မောင်းနှင်လာခဲ့ပြီး ဂငယ်ကွေ့ပြန်ကွေ့လာခဲ့ပါတယ်။ ဒီအချိန်မှာ စိတ်မထိန်းနိုင်တဲ့ ဆိုင်ကယ်သမားက ကားကို ကျောက်ခဲနဲ့ ပစ်ပေါက်လိုက်ရာမှာ ကားသမားက ကားကို မထိန်းနိုင်ဘဲ လမ်းဘေးက ဓာတ်တိုင်ကို တိုက်မိသွားပါတယ်။ ကားပေါ်မှာပါလာတဲ့ ကားသမား၊ ဇနီးနဲ့ကလေးတွေလည်း ဒဏ်ရာရသွားပါတယ်။ ဆိုင်ကယ်မောင်းသမားကတော့ ထွက်ပြေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အနီးနားက ကင်မရာက မှတ်တမ်းတင်ထားခဲ့ပြီး ဖူးခတ်က ရဲတွေက ကျောက်ခဲနဲ့ ပစ်တဲ့သူကို ညပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။ ဆိုင်ကယ်သမား အနုချာ ရီမုဒါကတော့ မတော်တဆမှု မဖြစ်ခင် သူနဲ့ သူငယ်ချင်းတို့က မြောင်ခရိုင်ကို သွားဖို့ ထွက်ခွာလာရာမှာ ကားက ရှေ့ကနေ ရုတ်တရက် ဖြတ်ချတာကြောင့် ကားနောက်ကို လိုက်လာတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီနောက်ကားသမားကို အန္တရယ်မဖြစ်အောင် မောင်းဖို့ ပြောဆိုခဲ့ပေမယ့် ကားသမားက ပြန်လည် အော်ဟစ်ခဲ့တဲ့ အတွက် ဒေါသထွက်ပြီး ကျောက်ခဲနဲ့ ထုခဲ့တာလို့ ပြောပါတယ်။ နောက်ပိုင်းမှာ အပြစ်ရှိတယ်လို့ ခံယူတဲ့ အတွက် ရဲတပ်ဖွဲ့မှာ အဖမ်းခံခဲ့ပြီး ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ ဖူးခက်ရဲ့ ပုံရိပ်ကို မဖျက်ဆီးချင်ဘူးလို့ ပြောပါတယ်။
5 years Ago
Up