လမ်းလယ်ခေါင်တွင် လဲလျောင်းသည့် အမျိုးသမီးကို ကားက ဖြတ်တိုက် (ရုပ်သံ)

A d v e r t i s e m e n t With Us

November 1, 2015

လမ်းလယ်ခေါင်တွင် လဲလျောင်းသည့် အမျိုးသမီးကို ကားက ဖြတ်တိုက် (ရုပ်သံ)

တရုတ်နိုင်ငံ၊ အန်ဟွီခရိုင်၊ ၀ါဟူးမြို့က လူသူရှုပ်ထွေးတဲ့ လမ်းဆုံတခုမှာ သက် ကြီးအမျိုးသမီးတဦးကို ကားတစီးက ဖြတ်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီသက်ကြီးအမျိုးသမီးဟာ လမ်းဆုံမှာ လမ်းဖြတ်ကူးနေစဉ်မှာ လဲလျောင်း လိုက်တာဖြစ်ပြီး သတိမမူမိတဲ့ကားက သူ့ကို ဖြတ်တိုက်မိသွားခဲ့တာလို့ စီစီတီဗွီသတင်းမှာ အောက် တိုဘာ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ ကားမောင်းသူဟာ လမ်းမပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသမီးကို သတိမမူမိခဲ့ပဲ ကားနဲ့ ကိုယ်ပေါ်ဖြတ်တိုက်ပြီးချိန်မှာ ကားထဲကထွက်လာပြီး ကူညီပေးခဲ့တာကို ရုပ်သံ ဗွီဒီယိုမှတ်တမ်းမှာ တွေ့နိုင်ပါတယ်။ အဲဒီအမျိုးသမီးကို ဒေသတွင်းဆေးရုံတရုံကို ပို့ဆောင်ထားခဲ့ပြီး ဆေးဝါးကုသမှုခံ ယူနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up