တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစူးပြည်နယ် ကားလမ်းအလယ်မှာ လက်ကိုင်ဖုန်းသုံးနေတဲ့ အမျိုးသားတယောက်ကို ကားတိုက်လို့ ပေ ၃၀ လောက် အကွာအဝေးကို လွင့်ထွက်သွားခဲ့ပါတယ်။
တိုင်ကျိုးမြို့မှာ မတ်လ ၁၈ ရက် ညနေက ဖြစ်ခဲ့တဲ့ မတော်တဆမှုကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားခဲ့တာပါ။
ကားလမ်းဖြတ်ကူးရင်း လမ်းလယ်ခေါင်မှာ ဖုန်းကိုကြည့်ဖို့ သူက ရပ်ခဲ့တာပါ။
စက္ကန့် ၃၀ အတွင်း ကားက ဝင်တိုက်ခဲ့လို့ လွင့်ပျံပြီး မြေပေါ်ကျခဲ့ပါတယ်။
ကားမောင်းသူရော အတိုက်ခံရသူကိုပါ ဆေးရုံတင်ပို့ခဲ့တယ်လို့ တိုင်ကျိုး ပြည်သူ့လုံခြုံရေးဗျူရို ရဲအရာရှိက ပြောပါတယ်။
ယာဉ်ထိန်းရဲတွေက ကားမောင်းသမား အရက်သောက်ထားမှု ရှိမရှိ ဆေးရုံမှာ စမ်းသပ်ရာ အရက်မူးမနေကြောင်း အတည်ပြုခဲ့ပါတယ်။
ရှေ့ကားက မောင်းသွားချိန်မှာ အမျိုးသားကို မြင်လိုက်ပေမယ့် ကားရပ်ဖို့ အချိန်မရခဲ့ဘူးလို့ ကားမောင်းသမားက ပြောပါတယ်။
အတိုက်ခံရတဲ့လူကတော့ အရိုးအတော်များများ ကျိုးသွားခဲ့ပြီး အသက်ဘေး စိုးရိမ်ရတဲ့ အန္တရာယ်ရှိတယ်လို့ ကြေညာထားပါတယ်။
သူ့ကို ခုထိ ဆေးရုံမှာ ကုသနေရဆဲဖြစ်ပြီး အမှုကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
5 years Ago