လမ်းရှင်းစည်ပင်ကို ဆိုင်ရှင်အမျိုးသားက အနမ်းပေးရန်စမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

A d v e r t i s e m e n t With Us

March 20, 2016

လမ်းရှင်းစည်ပင်ကို ဆိုင်ရှင်အမျိုးသားက အနမ်းပေးရန်စမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂေါင်ရှီကျောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုရှောင်မြို့မှ လမ်း ဘေးစားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတဦးဟာ စည်းကမ်းနဲ့ မညီညွတ်လို့ ဆိုင်ကို ပိတ်ဖို့တားမြစ်တဲ့ လမ်းရှင်းစည်ပင်အရာရှိကို အနမ်းနဲ့ တုံ့ပြန်ခဲ့တဲ့အပြုအမူဟာ အင် တာနက်စာမျက်နှာတွေပေါ်ပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ ချစ်ခြင်းမေတ္တာကြောင့်မဟုတ်ပဲ မသင့်တော်တဲ့ အပြုအမူအဖြစ် တရုတ် နိုင်ငံသား အင်တာနက်အသုံးပြုသူတွေက ဝေဖန်ခဲ့ကြတာပါ။ ဟွမ်အမည်ရတဲ့အမျိုးသားဟာ လမ်းဘေးမှာ စားသောက်ဆိုင်ဖွင့်လှစ်ထားသူ ဖြစ်ပြီး သူ့ဆိုင်ဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီညွတ်တဲ့ အတွက် မြို့ပြအုပ်ချုပ်ရေးအရာရှိတွေက မတ်လ ၁၇ ရက်နေ့မှာ လာရောက်စစ်ဆေးပြီး ဆိုင်ကိုပိတ်ဖို့ တားမြစ်ခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အုပ်ချုပ်ရေးအရာရှိတွေနဲ့ ဆိုင်ရှင်ဟာ အချိန်အတော်ကြာ အခြေအတင်ဖြစ်နေခဲ့ကြပြီး မကြာခင်မှာပဲ ဆိုင်ရှင်ဟွမ်က အရာရှိတွေထဲက တဦးရဲ့ နှုတ်ခမ်းကို နမ်းကာ ရန်စတုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။ ဟွမ်ဟာ အဲဒီအရာရှိရဲ့ နှုတ်ခမ်းကို ၂ ကြိမ်တိုင်တိုင်နမ်းခဲ့ပြီးနောက်မှာတော့ အုပ်ချုပ်ရေးအရာရှိအဖွဲ့နဲ့ ဆိုင်ဝန်ထမ်းတွေဟာ ဆိုင်အနီးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပါ။ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ကို ၀တ္တရားနှောက်ယှက်မှုနဲ့ ဆိုင်ရှင်ဟွမ်ဟာ ၈ ရက်ကြာ အချုပ်ကျခံရမှာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ တရုတ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ဝေဘိုအသုံးပြုသူတဦးက “အုပ်ချုပ် ရေးအရာရှိရဲ့ နှလုံးသားတော့ ရှော့ခ်ရသွားမှာပဲ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။ လစ်ဇီမိုင်အမည်နဲ့ ဝေဘိုအသုံးပြုသူတဦးကတော့ “အချစ်က တော်နေးဒိုးလေ ဆင်နှာမောင်းလိုပဲ အောင်နိုင်ခဲ့ပြီ”လို့ ရယ်ပွဲဖွဲ့ မှတ်ချက်ပေးခဲ့တာပါ။ “သူဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုနဲ့ ပြစ်ဒဏ်ကျခံရမှာလား”လို့ ဟွမ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး အခြားတဦးက မေးခဲ့ပါတယ်။
5 years Ago
Up