လမ်းမီးတိုင်ကြောင့် ကားတိုက်မှုမှ အသက်ချမ်းသာရာ ရသွားသည့် အမျိုးသမီး(ရုပ်သံ)

December 3, 2016

လမ်းမီးတိုင်ကြောင့် ကားတိုက်မှုမှ အသက်ချမ်းသာရာ ရသွားသည့် အမျိုးသမီး(ရုပ်သံ)

လမ်းမီးတိုင်ကို အမြန်မောင်းလာတဲ့ ကားတစ်စီး ဝင်တိုက်မိသွားလို့ အဲဒီမီးတိုင်နားက ပလက်ဖောင်းပေါ်မှလမ်းလျှောက်နေတဲ့ အမျိုးသမီး အသက်ချမ်းသာရ ရသွားပုံကို ဗွီဒီယိုရုပ်သံထဲမှာ မြင်တွေ့ရမှာပါ။ လမ်းဆုံမှာ ကား ၂ စီး တိုက်မိပြီး တစီးကအရှိန်လွန်ကာ ပလက်ဖောင်းပေါ်က ခရီးသွားကို တိုက်မိမလိုဖြစ်သွားတဲ့ အခင်းဖြစ်ပွားမှုဟာ ပိုလန်နိုင်ငံ ကာလစ်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ဖြစ်ခဲ့တာပါ။ ပိုလန်နိုင်ငံ ကာလစ်စ်မြို့မီးပွိုင့်လမ်းဆုံတခု အနီးအနားက ပလက်ဖောင်းပေါ်မှာ ခရီးသွားအမျိုးသမီးတဦး လမ်းလျှောက်နေတာပါ။ အဲဒီအချိန်မှာ သူမသွားမယ့် လမ်းပေါ်ကို ကားတစီးအမြန်မောင်းလာတာ တွေ့လို့ သူမက နောက်ဆုတ်ရှောင်တိမ်းလိုက်ပါတယ်။ အဲဒီနောက် ကားက လမ်းဆုံမှ နောက်ကားတစီးကို တိုက်မိပြီး အရှိန်မထိန်းနိုင်ပဲ သူမရှောင်နေတဲ့ဘက်ကိုပဲ တရှိန်ထိုး မောင်းဝင်လာပါတယ်။ အမျိုးသမီးလည်း နံရံဘေးနဲ့ ပလက်ဖောင်းပေါ်က လမ်းမီးတိုင်အကြားကို ထပ်ရှောင်တိမ်းလိုက်ပေမယ့် ကားကသူမရှောင်တဲ့နေရာကိုပဲ ထပ်ဝင်တိုက်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ နံရံနဲ့ ပလက်ဖောင်းပေါ်က လမ်းမီးတိုင်အကြားကို ရောက်နေတဲ့သူမကို ကားကမတိုက်မိပဲ မီးတိုင်ကို တိုက်မိသွားလို့ အမျိုးသမီးဟာ လက်မတင်လေး အသက်ချမ်းသာရ ရသွားတာကို စီစီတီဗွီကင်မရာက ရိုက်ကူးမိတာပါ။ ဒီကားတိုက်မှုအတွင်း ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့လည်း သိရပါတယ်။ မာစီးဒီးကားအနက်ကို မထိန်းနိုင်ဘဲ မောင်းလာတဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကို ပေါင်ငွေ ၉၄ ပေါင် ဒဏ်ငွေတပ်လိုက်တယ်လို့ သိရပါတယ်။
6 years Ago
Up