လမ်းပိုင်းပြတ်လ

June 3, 2018

မိုးသည်းထန်စွာ ရွာသွန်း၍ မြိုင်​မြို့နယ်​ ​တောရွာ​ကျေးရွာအနီး လမ်းပိုင်းပြတ်

အခုဇွန်​လ ၂ ​ရက်​​နေ့ညက မိုးသည်းစွာရွာသွန်းတာ​ကြောင့် ​ချောင်း​ရေတိုက်စားပြီး ​​ပုသိမ်​-မုံရွာလမ်းပိုင်း မြိုင်​မြို့နယ်​ ​တောရွာ​ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၁၆ နဲ့ ၄၁၇ ကြား​​နေရာမှာ ​​​လမ်းပိုင်း ပြတ်​သွားပါတယ်​။ ဒီလမ်းကို BOT ရထားတဲ့ ကုမ္ပဏီက​တော့ အမြန်​ဆုံး ပြုပြင်​​ပေးသွားမယ်​လို့​ ပြောပါတယ်​။ ဒါအပြင်​ ​ပခုက္ကူမြို့နယ်​ ​ရေလာ​လေး​ကျေးရွာနဲ့ ထန်းတပင်​ ​ကျေးရွာကြားမှာလဲ​ချောင်း​ရေ တိုက်​စားမှု​ကြောင့် ​ကျေးရွာချင်းဆက်​လမ်း ပျက်​စီး​နေပါတယ်​။
3 years Ago
Up