လမ်းပိတ်

July 14, 2018

တရုတ် အဝေးပြေးလမ်းမကြီးတခုတွင် တောင်ပေါ်မှ ကျောက်တုံးများပြိုကျပြီး လမ်းပိတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီး တနေရာမှာ ဇူလိုင် ၁၃ ရက်နေ့က တောင်ပေါ်ကနေ ကျောက်တုံးတွေ ပြိုကျခဲ့တာကြောင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ကျောက်တုံးတွေ ပြိုကျခဲ့တာ ဖြစ်နိုင်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြခဲ့ပြီး ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒေသန္တရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဟာ လမ်းကို ချက်ချင်းပိတ်ခဲ့ပြီး ယာဉ်မောင်းတွေကို တခြားလမ်းကနေ မောင်းဖို့နဲ့ သတိရှိရှိမောင်းကြဖို့ အကြံပြုခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားနေတာကြောင့် လမ်းပြန်ပြင်နိုင်မယ့်အချိန်ကို အာဏာပိုင်တွေက တိတိကျကျ မပြောနိုင်သေးပါဘူး။
3 years Ago
Up