လမ်းပတ်နှင့် ဂျရတ် မေဂျာလိဂ် ၀င်ငွေအများဆုံးရ ၅ ဦးတွင် ရပ်တည်

May 20, 2016

လမ်းပတ်နှင့် ဂျရတ် မေဂျာလိဂ် ၀င်ငွေအများဆုံးရ ၅ ဦးတွင် ရပ်တည်

အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲမှာ လမ်းပတ်နဲ့ ဂျရတ်တို့ဟာ ၀င်ငွေအများဆုံးရတဲ့ ထိပ်တန်းကစားသမား ၅ ဦးစာရင်းမှာ ရပ်တည်နေပါတယ်။ မေဂျာလိဂ်မှာ ၀င်ငွေအများဆုံးရတဲ့ ကစားသမားကတော့ အော်လန်ဒိုစီးတီးမှာ ကစားနေတဲ့ ဘရာဇီးကစားသမား ကာကာဖြစ်ပြီး တလကို ဒေါ်လာ ၇ သန်း ရရှိနေပါတယ်။ အယ်လ်အေဂလက်စီမှာ ကစားနေတဲ့ ဂျရတ်ကတော့ ဒေါ်လာ ၆ သန်း ၁ သိန်းကျော်နဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေသလို နယူးယောက်စီးတီးမှာ ကစားနေတဲ့ လမ်းပတ်ကတော့ ဒေါ်လာ ၆ သန်း ရရှိနေပါတယ်။ မေဂျာလိဂ်မှာ ၀င်ငွေအနည်းဆုံး ကစားသမားကတော့ မောင်ထရီရယ်ဘယ်လီဇန်က တိုက်စစ်မှူး မိုက်ကယ် ဆာလာဇာဖြစ်ပြီး တနှစ်ကို ဒေါ်လာ ၅၁၄၉၂ သာ ရရှိထားတဲ့အတွက် ကာကာရဲ့ ၃ ရက်တာဝင်ငွေထက် နည်းတယ်လို့ မေဂျာလိဂ် ကစားသမားသမဂ္ဂက ထုတ်ပြန်ပါတယ်။
6 years Ago
Up