ချဲလ်ဆီးနည်းပြသစ် လမ်းပတ်ရဲ့ ကစားကွက်နဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာက သုံးသပ်မှုတခု ပြုလုပ်သွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို အိုင်ယာလန်နိုင်ငံမှာ သွားရောက်ပြုလုပ်နေတာပါ။
အသင်းသစ်နဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေတဲ့ လမ်းပတ်ဟာ အသင်းသားတွေကို အမြင့်ဆုံးစိတ်ဓာတ်နဲ့ ပွဲကို ထိန်းချုပ်ကစားစေချင်သူဖြစ်ပြီး လက်ရှိအချိန်အထိတော့ သူ့ရဲ့ လေ့ကျင့်ခန်းတွေကို အသင်းသားအားလုံး ပျော်ရွှင်စွာနဲ့ လိုက်ပြီးလုပ်နိုင်နေတယ်လို့ အက်ဇ်ပီလီကျူတာက ပြောပါတယ်။
ရာသီကြို လေ့ကျင့်ရေးတွေက ပြင်းထန်ပေမယ့်လည်း ကြံ့ခိုင်မှုအခြေအနေ ကောင်းမွန်ဖို့အတွက် ကောင်းမွန်တဲ့ အခြေခံကို ဖန်တီပေးနိုင်ကြောင်းလည်း အက်ဇ်ပီလီကျူတာက ဆက်ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ရာသီကြို လေ့ကျင့်ရေး ခြေစမ်းပွဲစဉ်အဖြစ် စုစုပေါင်း ၆ ပွဲကစားဖို့ ရှိပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သြဂုတ် ၁၁ ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
2 years Ago