လမ်းစည်းကမ်းချိုးဖောက်သူကို စစ်ဆေးသည့်ရဲ သေနတ်ဖြင့် ပစ်ခတ်ခံရ

August 10, 2016

လမ်းစည်းကမ်းချိုးဖောက်သူကို စစ်ဆေးသည့်ရဲ သေနတ်ဖြင့် ပစ်ခတ်ခံရ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်က လမ်းစည်းကမ်းချိုးဖောက်သူ စက်ဘီးသမားကို ရဲက ရပ်တန့်စစ်ဆေးတာမှာ သေနတ်ပစ်ခတ်ခံရပြီး ကံသီလို့ အသက်မသေ လွတ်မြောက်ခဲ့ပါတယ်။ ရဲအရာရှိက အသက်ကယ်အင်္ကျီ ၀တ်ထားလို့ လွတ်မြောက်ခဲ့တာပါ။ သေနတ်သမားဟာ ရဲကို ပစ်ခတ်ပြီး အနီးက Subway စားသောက်ဆိုင်ထဲ ၀င်သွားပြီး အဲ့ဒီထဲက မိန်းခလေးတဦးကို ဓားစာခံအဖြစ် အကာအကွယ် ယူခဲ့ပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့တွေ လာရောက်ပြီး သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ဒဏ်ရာရသွားပြီး မိန်းကလေးကိုတော့ အထိအခိုက်မရှိ ကယ်တင်နိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပို့တ်လန်း (Portland) မြို့ အရှေ့တောင်ဘက်ကပ်ရက်က ဂလတ်စတုန်း (Gladstone) မြို့မှာ သြဂုတ် ၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာလို့ ဒေသခံ ရဲအရာရှိက ပြောပါတယ်။ ဒဏ်ရာရခဲ့တဲ့ သေနတ်သမားကို ဆေးရုံတရုံမှာ ဆေးကုသထားပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရပါဘူး။
5 years Ago
Up