လပွတ္တာ၊ မြောင်းမြ နှင့်ပုသိမ် ခရိုင် ၃ ခုရှိ ကျောင်းများ ပိတ်လိုက်ပြီ

October 23, 2016

လပွတ္တာ၊ မြောင်းမြ နှင့်ပုသိမ် ခရိုင် ၃ ခုရှိ ကျောင်းများ ပိတ်လိုက်ပြီ

ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နဲ့ ပုသိမ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းအားလုံးကို ဒီနေ့ကစ အောက်တိုဘာ ၂၅ ရက်အထိ ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက အတည်ပြုပြောပါတယ်။ ဧရာဝတီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက “လပွတ္တာခရိုင်ရယ်၊ မြောင်းမြခရိုင်ရယ်၊ ပုသိမ်ခရိုင်ရယ် ဟိုင်းကြီးကျွန်းက ပုသိမ်ခရိုင်ထဲရောက်နေလို့ အမှန်တော့ ပုသိမ်ခရိုင် တခုလုံး မဟုတ်ပါဘူး၊ အဲ့ဒီ ခရိုင် ၃ ခုလုံး ကျောင်းတွေ ပိတ်ထားခိုင်းပါတယ်ခင်ဗျ။ ဒေသတွင်းမှာလည်း ကြေညာပြီးပါပြီ။” ဧရာဝတီတိုင်းအတွင်း ခရိုင် ၆ ခုရှိပြီး မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ခရိုင် ၃ ခုအတွင်းရှိ ကျောင်းတွေကို ပိတ်ထားမှာ ဖြစ်ပါတယ်။
6 years Ago
Up