လပေါ်က နမူနာပစ္စည်း

A d v e r t i s e m e n t With Us

January 19, 2021

လပေါ်က နမူနာပစ္စည်းများကို နိုင်ငံခြားသိပ္ပံပညာရှင်များအား တရုတ် ကြည့်ခွင့်ပေးမည်

တရုတ်နိုင်ငံက လွှတ်တင်တဲ့ ချန်းအော်ဝူလို့ နာမည်ပေးထားတဲ့ လပေါ် လေ့လာရေးခရီးစဉ် တလျှောက် စုဆောင်းလာတဲ့ လပေါ်က နမူနာပစ္စည်းတွေကို နိုင်ငံခြား သိပ္ပံပညာရှင်တွေကို ကြည့်ခွင့်ပေးမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ တရုတ်မြို့တော် ပေကျင်းမှာရှိတဲ့ အမျိုးသားအာကာသလေ့လာရေးဌာနမှာ ကျင်းပတဲ့ သတင်းထောက်တွေ သံတမန်တွေနဲ့ တခြားအရာရှိတွေအတွက် ပွဲစဉ်အတွင်း ချန်းအော်ဝူ စစ်ဆင်ရေးရဲ့ ပြောခွင့်ရ ဖေကျောက်ယွီက ခုလို ပြောလိုက်တာပါ။ နမူနာပစ္စည်းတွေဟာ မပြုပြင်ရသေးဘဲ ကောက်ယူလာခါစ ပကတိအခြေအနေမှာ ရှိနေပြီး နမူနာတွေကို ကြည့်ဖို့ ဘယ်နိုင်ငံခြား အဖွဲ့အစည်းဆီက လျှောက်လွှာကိုမှ လက်ခံရရှိတာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ လ ပေါ်က နမူနာပစ္စည်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အတွက် နိုင်ငံအားလုံးကို လမ်းဖွင့်ပေးထားတယ်လို့လည်း ဖေကျောက်ယွီက ပြောပါတယ်။
1 month Ago
Up