မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လန်းစ်နောက်ခံလူနဲ့ အာဂျင်တီးနား လက်ရွေးစင်ကစားသမား ဖာကမ်ဒို မက်ဒီနာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနား ကြယ်ပွင့်ကစားသမားဟာ မနှစ်ကမှ ပြည်တွင်းလိဂ်ကလပ် တော်လားရက်စ်ကနေ ပြောင်းရွှေ့ကစားခဲ့တာပါ။ ပြင်သစ်လိဂ်မှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အာဂျင်တီးနား လက်ရွေးစင်ရဲ့ ရွေးချယ်ခံခဲ့ရပါတယ်။
မက်ဒီနာကို ယူနိုက်တက်အသင်းက ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းထားပြီး ကမ်းလှမ်းချက်ထဲမှာ မက်ဒီနာကို တစ်ခါတည်း ခေါ်ယူမှာ မဟုတ်ဘဲ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြန်လည်ကစားစေမှာဖြစ်တယ်လို့ သိရပါတယ်။
လန်းစ်အသင်းဟာ အခုနှစ်ရာသီရောက်မှ တန်းတက်ခဲ့တာဖြစ်ပေမယ့် လီဂူးဝမ်းမှာ ခြေစွမ်းပြနေပြီး လက်ရှိအချိန်မှာ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
1 month Ago