လန်ဒန်မြို့က ဗလီတခုမှာ ဖေဖော်ဝါရီ ၂၀ ရက်က အသက် ၇၀ အရွယ် အမျိုးသား တယောက် ဓားထိုးခံပြီးနောက် ရဲတပ်ဖွဲ့က လူတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
အော်သံကြားတဲ့အတွက် ဓားနဲ့တိုက်ခိုက်တာကို သိခဲ့ပြီး ဗလီအမှုထမ်းကို ပခုံးမှာ ဓားတန်း လန်းနဲ့မြင်ခဲ့တယ်လို့ မျက်မြင်တွေ့သူ တယောက်က ပြောပါတယ်။
အဲဒီနောက် ဝတ်ပြုသူအများအပြားက ဓားနဲ့ထိုးသူကို ဝိုင်းချုပ်ကြပြီး ဒဏ်ရာရသူကို သွေးတိတ်အောင်လုပ်ကာ ရဲအလာကိုစောင့်ဆိုင်းခဲ့တယ်လို့ ရှင်းပြပါတယ်။
ဓားနဲ့ တိုက်ခိုက်သူဟာ အသက် ၂၉ နှစ်ရွယ် အမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့ကို ဗလီထဲ ဝင်ရောက်ဖမ်းခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဓားထိုးခံရသူ အမျိုးသားအခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့လည်း လန်ဒန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တွစ်တာမှာတင်တဲ့ ဓာတ်ပုံတွေမှာတော့ ရီးဂျန့်စ်ပါ့ခန်အနီး ဗလီဝတ်ကျောင်းထဲကနေ လူတယောက်ကို ရဲတွေ ခေါ်ဆောင်သွားတာတွေ့ရပါတယ်။
ဓားနဲ့တိုက်ခိုက်မှုဟာ မွန်းလွဲပိုင်း ဝတ်ပြုချိန်မှာဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါ တယ်။
1 year Ago