လန်ဒန်ကလပ်အသင်း ၃ သင်

November 13, 2020

ဘိုင်ယန်နောက်ခံလူကိုခေါ်ရန် လန်ဒန်ကလပ်အသင်း ၃ သင်း စိတ်ဝင်စား

ဂျာမနီနောက်ခံလူ ဂျရိုမီဘိုတန်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့စပါးအသင်းတွေက စိတ်ဝင်စားနေပါတယ်  ဘိုတန်ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘိုင်ယန်အသင်းက သက်တမ်းတိုးစာချုပ်ချုပ်မှမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၃၂ နှစ်ရှိ ဗဟိုနောက်ခံလူ ဘိုတန်အနေနဲ့ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာဖြစ်ပြီး လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေက ခေါ်ယူ လိုနေတယ်လို့သိရပါတယ်။  ဘိုတန်ဟာ ၂၀၁၀ ပြည့်နှစ်က မန်စီးတီးမှာလာရောက်ကစားခဲ့ဖူးပြီး လန်ဒန်ကလပ်တွေဆီပဲ ပြောင်းရွှေ့ဖို့ များတယ်လို့သိရပါတယ်။
2 years Ago
Up