လန်းဂ်လက်

July 13, 2018

ဆီဗီလာနောက်ခံလူ လန်းဂ်လက်ကို ဘာစီလိုနာ ခေါ်ယူ

စပိန်လာလီဂါကလပ် ဆီဗီလာ ဗဟိုနောက်ခံလူ ကလီးမန့် လန်းဂ်လက်ကို ဘာစီလိုနာအသင်းက ပေါင် ၃၂ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် လန်းဂ်လက်ကို ဘာစီလိုနာက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ ပြင်သစ်ကစားသမားဖြစ်တဲ့ လန်းဂ်လက်ဟာ ဆီဗီလာအသင်းကို ၂ဝ၁၇ မှာ ပြင်သစ်ကလပ် နန့်စ်ကနေ ပြောင်းရွှေ့လာတာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအတွက် ကစားပေးထားတဲ့ ၅၂ ပွဲမှာ ၄ ဂိုး သွင်းယူထားပါတယ်။ ဆီဗီလာ နောက်တန်းကစားသမား လန်းဂ်လက်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားတဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။
3 years Ago
Up