လန်ဒန်မြို့တွင်

March 23, 2017

လန်ဒန်မြို့တွင် တိုက်ခိုက်ခံရသူများအတွက် ၀မ်းနည်းကြောင်း ဂျပန်ဝန်ကြီးချုပ် ပြော

လန်ဒန်မှာ တိုက်ခိုက်ခံခဲ့ရသူတွေအတွက် ၀မ်းနည်းကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အကြမ်းဖက်မှုတွေကို တိုက်ဖျက်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့ညနေက အကြမ်းဖက်သမားမောင်းနှင်လာတဲ့ ကားတစီးက လမ်းပေါ်ကလူတွေကို လိုက်တိုက်ပြီး ကားမောင်းလာသူ အကြမ်းဖက်သမားက ဗြိတိန်ပါလီမန်အနီး ရဲ တဦးကို ဓားနဲ့ထိုးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ဗြိတိန်နိုင်ငံသား အစ္စလာမ္မစ် ၄ ယောက်ရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၅၂ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း အပြင်းထန်ဆုံးအကြမ်းဖက်မှုလို့ သိရပါတယ်။ ဒီအကြမ်းဖက်မှုဟာ ပြီးခဲ့တဲ့နှစ်က ဂျာမဏီနိုင်ငံ ဘရပ်ဆဲလ်မှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ၃၂ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ် တနှစ်ပြည့်တဲ့နေ့မှာ ဖြစ်ပွားခဲ့တာပါ။
5 years Ago
Up