လန်ဒန်တွင် ရထားတစီး တိမ်းမှောက်၊ ၅၆ ဦး ဒဏ်ရာရ

A d v e r t i s e m e n t With Us

November 9, 2016

လန်ဒန်တွင် ရထားတစီး တိမ်းမှောက်၊ ၅၆ ဦး ဒဏ်ရာရ

လန်ဒန်မြို့တောင်ပိုင်း ဆန်ဒီလန်းစ် ရထားဘူတာရုံနားက ဥမင်လိုဏ်ခေါင်းထဲမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ၂ စီးတွဲ ရထားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့လို့ ၅၆ ဦး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံ တင်ပို့လိုက်ရပါတယ်။ ဒဏ်ရာရတဲ့သူတဦးကတော့ ရထားနဲ့ညှပ်နေလို့ ကယ်ဆယ်ရေးသမားတွေက ကယ်တင်နေဆဲဖြစ်ပြီး အခြေနေမသိရသေးကြောင်း သည်ဆန်းသတင်းမှာ ဖော်ပြပါတယ်။ လန်ဒန်မြို့မှာ မိုးအကြီးအကျယ်ရွာသွန်းခဲ့တာကြောင့် ရထား လမ်းချော်တိမ်းမှောက်ခဲ့တာလို့ မီးသတ်မသားတွေက အတည်ပြုပြောကြားလိုက်ပါတယ်။ ရဲတွေကလည်း ဒီအခင်းဖြစ်တဲ့နေရာကို လူတွေဝင်မလာဖို့ သတ်မှတ်တားမြစ်လိုက်ပြီး ကယ်ဆယ်ရေးတွေ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့လည်း ဆိုရပါတယ်။ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဟန်နာကော်လီရာက တိမ်းမှောက်တိုက်မိတဲ့ အသံအကျယ်ကြီး ကြားလိုက်ရတယ်လို့ ပြောပါတယ်။ “ကျမက အိပ်ယာထဲကနေ ရွေးကောက်ပွဲသတင်းကို ကြည့်နေတာ အဲ့အချိန်မှာ တိုက်မိတဲ့ အသံကျယ်ကြီးကို ကြားရတာ၊ ကျမက လေတိုက်တာလို့တောင် ထင်နေတာ၊ ပြီးတော့ လူတွေ အော်တဲ့အသံ၊ အရေးပေါ်လူနာတင်ကားတွေ ရောက်လာတဲ့ အသံတွေ ကြားရတာ နောက်တော့ လူတစ်ဦးကို ထမ်းစင်နဲ့သယ်သွားတာတွေ့တယ်” လို့ ဘီဘီစီကို ပြောပါတယ်။ မြို့တော်ရဲဌာနက “မနက် ၆ နာရီ ၁၀ မိနစ်မှာ ဓာတ်ရထားမှောက်လို့ အခင်းဖြစ်တဲ့နေရာကို အခြားကယ်ဆယ်ရေးတွေနဲ့အတူ ရဲအရာရှိတွေ ရောက်ရှိနေကြောင်း” တွီတာမှာ ဖော်ပြထားပြီး လန်ဒန်မီးသတ်တပ်ဖွဲ့ကလည်း ဒီဓာတ်ရထား တိမ်းမှောက်တဲ့ကိစ္စကို တွီတာမှာ ဖော်ပြထားပါတယ်။ လန်ဒန် လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းက ပြောရေးဆိုခွင့်ရှိသူကလည်း သူတို့ဌာနကို မနက် ၆ နာရီ ၄ မိနစ်မှာ ရထားမှောက်ကြောင်း ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့တယ်လို့ ပြောခဲ့ပါတယ်။  
4 years Ago
Up