လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီး

June 5, 2017

လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီး

လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၂ ဦးကို ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးလိုက်ပါတယ်။ အဖမ်းခံရသူ ၁၂ ဦးမှာ ၇ ဦးက အမျိုးသမီးတွေဖြစ်ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူ ၃ ဦးထဲက ၁ ဦးပိုင်ဆိုင်တဲ့ လန်ဒန်အရှေ့ပိုင်းရှိ တိုက်ခန်းတခန်းကို ရဲက ဝင်ရောက်စီးနင်းခဲ့အပြီး အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ မေလ ၄ ရက်နေ့က လန်ဒန်မြို့လယ်ရှိ လန်ဒန်တံတားအနီး အကြမ်းဖက်သမား ၃ ဦးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up