လန်ဒန်တံတားပေါ်မှ

June 4, 2017

လန်ဒန်တံတားပေါ်မှ လမ်းသွားလမ်းလာများကို ကားဖြင့်တိုက် (ရုပ်သံ)

ဗြိတိန်နိုင်ငံမှာ အကြမ်ဖက်သမား ၃ ဦးက လန်ဒန်တံတားပေါ်က လမ်းသွားလမ်းလာတွေကို ဇွန် ၃ ရက်ညက ကားနဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့ပြီး အနီးနားရှိ ဘိုရော့ဈေးထဲက အရက်ဆိုင်တွေ၊ စားသောက်ဆိုင် တွေထဲက လူတွေကို ဓားနဲ့ ထိုးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလုပ်ရပ်ကို အကြမ်းဖက်သမားရဲ့ လုပ်ရပ်အဖြစ် ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။ လက်နက်ကိုင် ရဲတွေက အခင်းဖြစ်ရာကို ချက်ချင်း ရောက်လာကြပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ စားသောက်ဆိုင်ထဲမှာ ရဲတွေက လူတွေကို ကြမ်းပြင်မှာ ၀ပ်နေကြဖို့ သတိပေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် လန်ဒန်မြို့သား တွေကိုလည်း ပြေးလွှား ပုန်းအောင်းကြဖို့နဲ့ တကယ်လို့ တိုက်ခိုက်မှုထဲ ညပ်နေရင် ပြောကြဖို့ တွစ်တာလူမှု ကွန်ရက်ပေါ်ကနေ တိုက်တွန်းပါတယ်။ လူတယောက်မက သေဆုံးတယ်လို့ ရဲတွေကို ကိုးကားပြီး ဘီဘီစီ သတင်းဌာနက ကြေညာပါတယ်။ သည်ဆန်းသတင်းစာကတော့ လူ ၇ ယောက်သေဆုံးပြီး တိုက်ခိုက်သူ ၂ ယောက်ကို လန်ဒန်တံတားနားမှာ ရဲတွေက အသေပစ်သတ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ချက်ချင်း အတည်ပြုမှုတော့ မရှိသေးပါဘူး။ ရဲတွေက နောက်ထပ် တိုက်ခိုက်သူ တယောက်ကို ရှာနေတယ်လို့  မီဒီယာတချို့က ရေးပါတယ်။ ဇွန်လ ၈ ရက် ရွေးကောက်ပွဲမတိုင်ခင် ခုလို ဖြစ်ခဲ့တာပါ။ ဘယ်အဖွဲ့ကမှ ဒီလုပ်ရပ်ကို တာဝန်ယူ ပြောဆိုတာ မရှိသေးပါဘူး။
4 years Ago
Up