လန်ဒန်တိုက်ခိုက်မှု

June 5, 2017

လန်ဒန်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများအတွက် ဂုဏ်ပြုသည့်အနေဖြင့် အီဖယ်မျှော်စင်မီးများ ခေတ္တမှိတ်

လန်ဒန်တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အီဖယ်မျှော်စင်မီးတွေကို ဇွန်လ ၅ ရက် မနက်အစောပိုင်းမှာ ခေတ္တမှိတ်ခဲ့ပါတယ်။ “ယနေ့ည ၁၂ နာရီ ၄၅ မိနစ် အချိန်မှာ လန်ဒန်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်ုပ်မီးများကို မှိတ်မှာဖြစ်တယ်” လို့ အီဖယ်မျှော်စင် တွစ်တာစာမျက်နှာမှာ ဇွန်လ ၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာတဝန်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေအတွက် အီဖယ်မျှော်စင်က အခုလို မီးတွေမှိတ်ပြီး ဂုဏ်ပြုတာကို ပြင်သစ်နိုင်ငံအနေနဲ့ မကြာသေးခင်က ပြသခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၃ ရက်ညက လန်ဒန်မြို့လယ်ရှိ လန်ဒန်တံတားအနီး အကြမ်းဖက်သမား ၃ ဦးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
4 years Ago

March 24, 2017

လန်ဒန်တိုက်ခိုက်မှု သေဆုံးဒဏ်ရာရသူများနှင့် တသားတည်းရှိဟု ကုလပြော

လန်ဒန်မြို့တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေနဲ့အတူ တသားတည်းရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတဲရက်စ်က မတ်လ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာဂူတဲရက်စ်က “မနေ့က လန်ဒန်တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှုတွေအတွက် ဗြိတိန်အစိုးရနဲ့ ဗြိတိန်ပြည်သူတွေထံ ကျနော်တို့ရဲ့ အလေးနက်ဆုံး ၀မ်းနည်းကြေကွဲမှုကို ပေးပို့လိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ဗြိတိန်ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်။ အကြမ်းဖက်မှုဒဏ်ကို ခံစားနေရတဲ့ တကမ္ဘာလုံးက ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်။ ကျနော်တို့ရဲ့ အတွေးတွေဟာ အကြမ်းဖက်မှုဒဏ်ခံစားနေရသူတွေရဲ့ မိသားစုတွေနဲ့အတူ ရှိနေပါတယ်”လို့ ပြောကြားသွားပါတယ်။ မတ်လ ၂၂ ရက်နေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ လူ ၅၂ ဦး သေဆုံးခဲ့တဲ့ ၂၀၀၅ ဇူလိုင်လ ၇ ရက် အကြမ်းဖက် တိုက်ခိုက်မှု အပြီး လန်ဒန်မှာ သေဆုံးထိခိုက်မှု အများဆုံး အကြမ်းဖက်မှုဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up