ဗြိတိန်က London School of Economics တက္ကသိုလ်က ဟောလီးဝုဒ် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီကို ဧည့်ပါမောက္ခအဖြစ် ခန့်အပ်လိုက်ပါတယ်။
လိင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာသိပ္ပံ ဘာသာရပ်အတွက် ဂျိုလီက သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။
မာစာတာအစီအစဉ် ဖန်တီးပေးတာကို အရမ်းအားတက်မိသလို တခြားကျောင်းတွေကလည်း ဒီပုံစံအတိုင်း လိုက်လုပ်မယ်လို့ မျှော်လင့်တာလို့ ဂျိုလီက ပြောပါတယ်။
ကျောင်းသားတွေဆီကနေ လေ့လာသင်ယူရမှာ ဖြစ်သလို ကုလသမဂ္ဂနဲ့ အစိုးရဆီမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို ဝေမျှမယ်လို့လည်း သူက ပြောပါတယ်။
တက္ကသိုလ်က အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးစင်တာမှာ သင်ကြားပေးနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ၀ီလီယံဟေ့နဲ့အတူ မဟာသိပ္ပံဘွဲ့အတွက် သင်ကြားနေတဲ့ ကျောင်းသားတွေကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ သံတမန်တဦးဖြစ်တဲ့ ဂျိုလီက ဒုက္ခသည် အခွင့်အရေး လှုပ်ရှားသူနဲ့ မုဒိမ်းမှုကို စစ်လက်နက်အဖြစ် အသုံးပြုတာ၊ အမျိုးသမီး အင်္ဂါဇာတ်ကို ဖြတ်တောက်တာတွေကို ဆန့်ကျင်သူတဦးလည်း ဖြစ်ပါတယ်။
တနှစ်ကြာသင်ကြားမယ့် မဟာသိပ္ပံဘွဲ့မှာလည်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ လိင်နဲ့ စစ်ပုံစံသွတ်သွင်းခြင်းနဲ့ လိင်နဲ့ လူ့အခွင့်အရေး စတာတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။
5 years Ago