လတ်စ်ဗီးဂတ်စ်မြို့

A d v e r t i s e m e n t With Us

January 7, 2020

အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့တွင် ကုန်သွယ်ရေးပြပွဲ စတင်ဖွင့်လှစ်

အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့မှာ နှစ်စဉ် ကျင်းပနေကျ ကုန်သွယ်ရေးပြပွဲကို ဇန်နဝါရီ ၇ ရက်မှာ စတင်ဖွင့်လှစ်ပါတယ်။  CES ပွဲကို နိုင်ငံပေါင်း ၁၆၀ လောက်က ကုမ္ပဏီပေါင်း ၄၄၀၀ နဲ့ လူပေါင်း ၁ သိန်း ၇ သောင်းလောက် လာမယ်လို့လည်း Consumer Technology Association ရဲ့ ဒုဥက္ကဋ္ဌက ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာ မှတ်ဉာဏ်တု နည်းပညာနဲ့ 5G ကွန်ရက်က လွှမ်းမိုးနေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ စမတ်အိမ်ရာတွေ၊ တကိုယ်ရေ ကျန်းမာရေးနဲ့ သယ်ယူပို့ဆောင်ရေး နယ်ပယ်တွေက တိုးတက်မှုကို မြင်ရမယ်လို့လည်း သူက ပြောပါတယ်။ ပြပွဲမတိုင်ခင် မီဒီယာမိတ်ဆက်ပွဲကို ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့ပြီး စက်ရုပ်တွေနဲ့ မှတ်ဉာဏ်တု နည်းပညာသုံး ပရိုဂျက်တာ မျက်နှာပြင်တွေအပြင် ကုန်စည်အသစ်ပေါင်း နှစ်ရာကျော်ကို မိတ်ဆက်ခဲ့ပါတယ်။ ကွမ်ကျိုး ပက်ပီရိုဘော့ နည်းပညာကုမ္ပဏီကတော့ ဘယ်လို ပြားချပ်တဲ့ မျက်နှာပြင်ကိုမဆို ထိတွေ့ခိုင်းစေနိုင်တဲ့ မျက်နှာပြင်ဖြစ်အောင် ပရိုဂျက်တာနဲ့ ထိုးပြီး သုံးနိုင်တဲ့ ဟာချီအင်ဖိုင်းနိုက် ကိရိယာကို မိတ်ဆက်ပါတယ်။ ဟာချီဟာ ကလေးတွေကို စာလုံးပေါင်းသတ်ပုံ သင်ပေးတာကနေ ရာသီဥတု အခြေအနေကို စစ်ဆေးတာအထိ နည်းမျိုးစုံအတွက် မှတ်ဉာဏ်တု နည်းပညာကို သုံးထားပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးမြူခွင့် ကန့်သတ်ခံရတဲ့ တိုက်ခန်းမှာ နေရတဲ့သူတွေအတွက် အိမ်မွေးစက်ရုံ ကိုးဘိုကို ဂျပန်ကုမ္ပဏီ ယုခအိ အင်ဂျင်းနီးယားရင်းကုမ္ပဏီက မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်သူတွေအတွက်ပါ အသုံးဝင်တယ်လို့ ပြောပါတယ်။
1 year Ago
Up