လတ်ဆတ်သည့် လေတဘူး ၁၁၅ ဒေါ်လာဖြင့် ရောင်းချ

A d v e r t i s e m e n t With Us

February 19, 2016

လတ်ဆတ်သည့် လေတဘူး ၁၁၅ ဒေါ်လာဖြင့် ရောင်းချ (ရုပ်သံ)

ဗြိတိန်ကျေးလက်က သန့်ရှင်းလတ်ဆတ်တဲ့ လေတွေကို တရုတ်နိုင်ငံက ၀ယ်ယူသူတွေထံ စီးပွားရေးသမား တဦးက တဘူးကို ၁၁၅ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။ အသက် ၂၇ နှစ်အရွယ် လီယိုဝပ်က လေတွေကို ၅၈၀ မီလီလီတာ ဖန်ဘူးထဲကို ထည့်ပြီး ရောင်းချနေတာ ဖြစ်ပါတယ်။ အများစုကို လေထုညစ်ညမ်းမှု ရင်ဆိုင်နေရတဲ့ တရုတ်က ပီကင်းနဲ့ ရှန်ဟိုင်းကို တင်ပို့ ရောင်းချတာလို့လည်း သူက ပြောပါတယ်။ အရင်နှစ်က စတင်လုပ်ဆောင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ကုမ္ပဏီက လတ်ဆတ်တဲ့လေ ထည့်ထားတဲ့ ဘူးအမြောက်အမြားကို ဗြိတိန်တ၀န်းမှာလည်း ရောင်းချပြီး ဖြစ်ပါတယ်။ ၀ပ်က သူ့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ဟောင်ကောင်မှာ နေထိုင်နေသလို တရုတ်နှစ်ကူးတုန်းကလည်း လေ ၁၅ ဘူးပါတဲ့ လက်ဆောင်တစုံကို ဒေါ်လာ ၁၂၀၀ အထိ ရောင်းချခဲ့ပါတယ်။ တကယ်တော့ ၀ပ်က လတ်ဆတ်တဲ့လေကို တရုတ်ကို ရောင်းချနေတဲ့ ကနေဒါ ကုမ္ပဏီတခုရဲ့ ခြေရာကို ဆက်ခံတာ ဖြစ်ပါတယ်။
5 years Ago
Up