လည်ပတ်

December 16, 2017

ရုရှားကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား၏ အထင်ကရ နေရာများသို့ လည်ပတ်

မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က မြောက်ကိုရီးယားမှာရှိတဲ့  သမိုင်းဝင် အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရုရှားအမျိုးသားကာကွယ်ရေး အမိန့်ပေးကွပ်ကဲရေးစင်တာရဲ့ လက်ထောက်ဒါရိုက်တာ ဗီတာကာလိုကာနော့ဗ် ဦးဆောင်တဲ့အဖွဲ့ဟာ မြောက်ကိုရီးယား လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်နဲ့ ကျဆုံးသွားတဲ့ ဆိုဗီယက်စစ်သားတွေမြှုပ်နှံထားတဲ့ သုဿန် ကိုလည်းသွားရောက်ပြီး ပန်းစည်းနဲ့ဂုဏ်ပြုခဲ့ကြပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ဟာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ရုရှား-မြောက်ကိုရီးယား စစ်ကော်မရှင်အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ ရုရှားသံတမန်တွေရဲ့ ပြောစကားကို ကိုးကားပြီး RIA သတင်းအေဂျင်စီမှာဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ရဲ့ မြောက်ကိုရီးယားနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အဆင့်သင့်ပဲဆိုတဲ့ ပြောကြားချက်ကို ရုရှားအစိုးရက ကြိုဆိုတယ်လို့ ပြောကြားထားပါတယ်။
4 years Ago
Up