လစ်ဗျားအပစ်ရပ်သဘောတူညီချက်

November 13, 2020

လစ်ဗျားအပစ်ရပ်သဘောတူညီချက်ဖြင့် အဓိကလမ်းမကို ဖွင့်မည်ဟု ကုလ ကြေညာ

လစ်ဗျားအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစိတ်တပိုင်းအရ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေဟာ နိုင်ငံရဲ့ အရှေ့နဲ့ အနောက် ဆက်သွယ်ပေးတဲ့ အဓိကလမ်းမကြီးကို ချက်ချင်း ပြန်ဖွင့်သွားမယ်လို့  ကုလသမဂ္ဂက နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။  နှစ်ဖက်အဖွဲ့တွေက ဆာတီမြို့မှာ ပူးတွဲစစ်ဘက်ကော်မရှင် အစည်းဝေးကို ပြုလုပ်ပြီး ကုလ ကြားဝင်ဆောင်ရွက်တဲ့ အပစ်အခတ်ရပ်စဲရေး နည်းလမ်းတွေကို ဆွေးနွေးကြပါတယ်။  ဆာတီမြို့ ကော်မရှင်ဌာနချုပ်မှာ ကုလသမဂ္ဂလစ်ဗျားမစ်ရှင် အဖွဲ့ဝင်တစ်ဦးက  နှစ်ဖက်အဖွဲ့တွေ အနေနဲ့ မြေမြုပ်မိုင်းရှင်းလင်းရေးနဲ့တိုက်ခိုက်ရေးသမားတွေ ရုပ်သိမ်းရေးအပါအဝင် လမ်းမကြီး ပြန်ဖွင့်ရေးကို စတင်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။  ဂျနီဖာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ချမှတ်ထားတဲ့အတိုင်းဆို နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေနဲ့ ကြေးစားစစ်သားတွေကို လစ်ဗျားကနေ မထွက်ခွာခင် ထရီပိုလီနဲ့ ဘန်ဂါဇီ မြို့တွေဆီ လွှဲပြောင်းပို့ဆောင်သွားမယ်လို့ ရိုက်တာအရ သိရပါတယ်။ 
2 years Ago
Up