လစ်ဗျားအစိုးရတပ်

June 6, 2020

ကာကွယ်ရေးဦးစီးချုပ် ခါလီဖှာ ဟဲ့ဖ်တာ၏ အခြေစိုက်စခန်းကို လစ်ဗျားအစိုးရတပ် သိမ်းပိုက်

လစ်ဗျားနိုင်ငံအတွင်း စစ်တပ် ၂ တပ် အစိုးရ ၂ ရပ် ရှိနေတဲ့အထဲက နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ (GNA) စစ်တပ်က နိုင်ငံအရှေ့ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ခါလီဖှာ ဟဲ့ဖ်တာရဲ့ LNA တပ် အခြေစိုက်စခန်းကြီးကို ဇွန်လ ၅ ရက်မှာ သိမ်းပိုက်လိုက်ပါတယ်။ ၁၄ လကြာတဲ့  မြို့တော်ခံစစ်တပ် ရုတ်တရက် ပျက်သွားခဲ့တာပါ။ LNA တပ်ဟာ တာဟောင်နာမြို့ကနေ ဆုတ်ခွာခဲ့ပြီလို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။  သူတို့ဟာ အခု ကမ်းရိုးတန်း နဲ့ ဝေးရာ စာတီမြို့ဆီ ဦးတည်နေပြီး လစ်ဗျားအလယ်ပိုင်းက အယ်လ် ဂျူဖှရာ လေတပ်အခြေစိုက်စခန်းဆီ သွားနေတာပါ။  LNA တပ်ကတော့ တရားဝင် မှတ်ချက် မပြုသေးပါဘူး။ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ GNA ကို သစ္စာခံတဲ့ တပ်နဲ့ မဟာမိတ်တပ်တွေဟာ လစ်ဗျားအနောက်မြောက်ပိုင်း အများစုကို စီးနင်းထားပြီးပါပြီ။  GNA အစိုးရကို တူရကီက ကျောထောက်နောက်ခံပေးထားပြီး LNA အစိုးရကိုတော့ ရုရှား၊ အီဂျစ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုက ထောက်ပံ့ထားပါတယ်။  GNA တပ်တွေဟာ တာဟောင်နာ မြို့ကို လေးဘက်လေးတန်က ဝင်အပြီး သိမ်းပိုက်ပြီးပြီလို့ စစ်ဆင်ရေးထိန်းချုပ်ခန်းက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။  ဒေသခံတွေကလည်း GNA တပ်တွေ မြို့ထဲ ဝင်နေပြီလို့ ပြောခဲ့ပါတယ်။ 
1 year Ago
Up