လစ်ဗျားအစိုးရ

June 18, 2020

ရေရှည်အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရနှင့် တူရကီ ဆွေးနွေး

လစ်ဗျားနိုင်ငံအတွင်း တာရှည်ခံမယ့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအဖြေရှာရေးနဲ့ စွမ်းအင်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လစ်ဗျားအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ထရီပိုလီမြို့ အလည်အပတ်ခရီးစဉ်အတွင်း ဇွန် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။  သူဟာ တူရကီဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးအကြံပေးနဲ့ ထောက်လှမ်းရေး အကြီးအကဲတို့နဲ့အတူ လစ်ဗျားနိုင်ငံတွင်းက နိုင်ငံတကာအသိအမှတ်ပြုအစိုးရ (GNA) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ တူရကီအစိုးရက နိုင်ငံအရှေ့ပိုင်း အခြေစိုက်တပ်တွေကို ခုခံရာမှာ ကူညီခဲ့အပြီး ခုလို တွေ့ဆုံတာပါ။ ဗိုလ်ချုပ်ကြီး ခါလီဖှာ ဦးဆောင်ပြီး လစ်ဗျားအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ လစ်ဗျား အမျိုးသားစစ်တပ် LNA ကို ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့အီဂျစ်တို့က ကျော ထောက်နောက်ခံပေးထားပြီး GNA အစိုးရပိုင်နက်ကိုသိမ်းဖို့ ၁၄ လကြာစစ်ဆင်ရေး ဆင်နွှဲ နေပါတယ်။  တူရကီရဲ့ အထောက်အပံ့ကတော့  GNA အစိုးရအကြပ်အတည်း တွေ့ချိန်မှာ အရေးပါခဲ့ ပါတယ်။  စွမ်းအင်ရေးရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တာကြောင့် အင်မတန်အကျိုးရှိတဲ့ ခရီးစဉ်လို့လည်း တူရကီကို ပြန်ရောက်ချိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  ခရီးစဉ်အတွင်း တူရကီအရာရှိတွေဟာ GNA ဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီးနဲ့ ရေနံကုမ္ပဏီ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ GNA က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 
10 months Ago

August 4, 2019

ရွှေ့ပြောင်းဒုက္ခသည်စင်တာ သုံးခု ပိတ်သိမ်းသွားရန် လစ်ဗျားအစိုးရ စီစဉ်

လစ်ဗျားနိုင်ငံတွင်းမှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည်စင်တာ သုံးခုကို ပိတ်သွားဖို့ စီစဉ်ထားတယ်လို့ လစ်ဗျားအစိုးရက သြဂုတ် ၃ ရက်မှာ ပြောပါတယ်။  အခုနှစ် ဇူလိုင်လအတွင်း  မြေထဲပင်လယ်ပြင်ထဲမှာ လူအသေအပျောက်များတဲ့ ဒုက္ခသည်လှေတိမ်းမှောက်မှုတွေ  ဖြစ်ပွားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။  ဇူလိုင် ၂၅ ရက်က ဥရောပကိုရောက်ဖို့ ကြိုးစားကြတဲ့ မြောက်အာဖရိက ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီးဟာ လစ်ဗျားကမ်းရိုးတန်းရေပြင်မှာ တိမ်းမှောက်ခဲ့ပါတယ်။  အဲဒီလှေတိမ်းမှောက်မှုအတွင်း ဒုက္ခသည် အယောက် ၁၅၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပြီး သူတို့ဟာ ဆူဒန်၊ အီဂျစ်၊ အီရီထရီးယားနဲ့ လစ်ဗျားနိုင်ငံသားတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  အဲဒီနောက် နိုင်ငံအနောက်ဘက်ပိုင်းမှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည် စင်တာ သုံးခုကို ပိတ်သိမ်းဖို့ လစ်ဗျားအာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။  လစ်ဗျားနိုင်ငံဟာ ၂၀၁၁ ခုနှစ်ကတည်းက စီးပွားရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် ပြည်တွင်းစစ်မီး ပြဿနာတွေကြောင့် နောက်ထပ်ရွှေ့ပြောင်း ဒုက္ခသည်တွေကို လက်ခံထားဖို့ မတက်နိုင်တော့ပါဘူး။  အများအားဖြင့် မြောက်အာဖရိက နိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် မိခင်နိုင်ငံက ထွက်ပြေးလာကြပြီး လစ်ဗျားကနေတဆင့် မြေထဲပင်လယ်ပြင်ကို လှေစီးခရီးနှင်ရင်း ဥရောပကိုရောက်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။
Zawgyi Version ေ႐ႊ႕ေျပာင္းဒုကၡသည္စင္တာ သုံးခု ပိတ္သိမ္းသြားရန္ လစ္ဗ်ားအစိုးရ စီစဥ္ DVB လစ္ဗ်ားႏိုင္ငံတြင္းမွာရွိတဲ့ ေ႐ႊ႕ေျပာင္းဒုကၡသည္စင္တာ သုံးခုကို ပိတ္သြားဖို႔ စီစဥ္ထားတယ္လို႔ လစ္ဗ်ားအစိုးရက ၾသဂုတ္ ၃ ရက္မွာ ေျပာပါတယ္။ အခုႏွစ္ ဇူလိုင္လအတြင္း  ေျမထဲပင္လယ္ျပင္ထဲမွာ လူအေသအေပ်ာက္မ်ားတဲ့ ဒုကၡသည္ေလွတိမ္းေမွာက္မႈေတြ  ျဖစ္ပြားခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ ဇူလိုင္ ၂၅ ရက္က ဥေရာပကိုေရာက္ဖို႔ ႀကိဳးစားၾကတဲ့ ေျမာက္အာဖရိက ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြ လိုက္ပါလာတဲ့ ေလွတစီးဟာ လစ္ဗ်ားကမ္း႐ိုးတန္းေရျပင္မွာ တိမ္းေမွာက္ခဲ့ပါတယ္။ အဲဒီေလွတိမ္းေမွာက္မႈအတြင္း ဒုကၡသည္ အေယာက္ ၁၅၀ ေက်ာ္ ေသဆုံး ဒါမွမဟုတ္ ေပ်ာက္ဆုံးေနၿပီး သူတို႔ဟာ ဆူဒန္၊ အီဂ်စ္၊ အီရီထရီးယားနဲ႔ လစ္ဗ်ားႏိုင္ငံသားေတြ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ အဲဒီေနာက္ ႏိုင္ငံအေနာက္ဘက္ပိုင္းမွာရွိတဲ့ ေ႐ႊ႕ေျပာင္းဒုကၡသည္ စင္တာ သုံးခုကို ပိတ္သိမ္းဖို႔ လစ္ဗ်ားအာဏာပိုင္ေတြက ဆုံးျဖတ္ခဲ့ပါတယ္။ လစ္ဗ်ားႏိုင္ငံဟာ ၂၀၁၁ ခုႏွစ္ကတည္းက စီးပြားေရး အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့အျပင္ ျပည္တြင္းစစ္မီး ျပႆနာေတြေၾကာင့္ ေနာက္ထပ္ေ႐ႊ႕ေျပာင္း ဒုကၡသည္ေတြကို လက္ခံထားဖို႔ မတက္ႏိုင္ေတာ့ပါဘူး။ အမ်ားအားျဖင့္ ေျမာက္အာဖရိက ႏိုင္ငံေတြက ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ ပဋိပကၡေတြေၾကာင့္ မိခင္ႏိုင္ငံက ထြက္ေျပးလာၾကၿပီး လစ္ဗ်ားကေနတဆင့္ ေျမထဲပင္လယ္ျပင္ကို ေလွစီးခရီးႏွင္ရင္း ဥေရာပကိုေရာက္ဖို႔ ႀကိဳးစားၾကတာ ျဖစ္ပါတယ္။
2 years Ago
Up