လစ်ဗျားစစ်မီ

January 4, 2020

စစ်မီးကြီးထွားအောင် တူရကီသမ္မတ လုပ်နေဟု လစ်ဗျားဗိုလ်ချုပ်ကြီး ပြော

တူရကီသမ္မတ တေယစ်အာဒိုဂန်ဟာ  လစ်ဗျားစစ်မီးကို ကြီးထွားအောင် လုပ်နေတယ်လို့ လစ်ဗျား ဗိုလ်ချုပ်ကြီး ခါလီဖာ ဟက်ဖ်တာက ဇန်နဝါရီလ ၃ ရက်မှာ ပြောလိုက်ပါတယ်။  လစ်ဗျားပဋိပက္ခမှာ တူရကီစစ်ရေးအရ ကြားဝင်စွက်ဖက်တဲ့ စိန်ခေါ်မှုကို သူရဲ့တပ်ဖွဲ့တွေက လက်ခံတယ်လို့  ဘန်ဂါဇီမြို့မှာ ဗိုလ်ချုပ်ကြီး ဟက်ဖ်တာက ပြောခဲ့ပါတယ်။  ဟက်ဖ်တာဟာ လစ်ဗျားအရှေ့ပိုင်း ဘင်ဂါဇီမြို့မှာ အခြေစိုက်တဲ့ လစ်ဗျား အမျိုးသားတပ်  တပ်မှူး ဖြစ်ပါတယ်။ ဇန်နဝါရီ ၂ ရက်က တူရကီပါလီမန်ဟာ နိုင်ငံတကာအသိမှတ်ပြု ထရီပိုလီအစိုးရကို အကူအညီပေးဖို့အတွက် တပ်ဖွဲ့တွေ စေလွှတ်ဖို့ သဘောတူခဲ့ပါတယ်။ ကျွမ်းကျင်သူတွေက လစ်ဗျားပဋိပက္ခမှာ တူရကီအနေနဲ့ ချက်ချင်းကြားဝင်ဖွယ် မရှိဘူးလို့ ပြောခဲ့ပေမယ့် အခုလိုစေလွှတ်တဲ့အတွက် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမယ့် စိုးရိမ်စိတ်တွေ  နက်ရှိုင်းလာခဲ့ပါတယ်။   နိုင်ငံတကာအသိမှတ်ပြု ထရီပိုလီအစိုးရဟာ ဗိုလ်ချုပ်ကြိး ဟက်ဖ်တာရဲ့  ထိုးစစ်ကို ခုခံနေချိန်မှာ တူရကီအကူအညီကို ရရှိထားပါတယ်။    ဗိုလ်ချုပ်ကြီး ဟက်ဖ်တာရဲ့ တပ်တွေဟာ ၂၀၁၉ အစောပိုင်းကတည်းက လစ်ဗျား အရှေ့ပိုင်းကို ထိန်းချုပ်ထားပြီး တောင်ပိုင်းကို လွှမ်းမိုးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up